spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်ပွဲ နဲ့ KNGY (၂၃)နှစ်ပြည့် အခမ်းအနားကို ပူးတွဲကျင်းပ

ငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်ပွဲ နဲ့ KNGY (၂၃)နှစ်ပြည့် အခမ်းအနားကို ပူးတွဲကျင်းပ

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ၊ အလယ်ကယန်းဒေသတစ်နေရာမှာ ငိန်းကယန်းထန် အကယ်ဒမီကျောင်း ဖွင့်ပွဲ နဲ့ ကယန်းမျိုးဆက်သစ်လူငယ် ( KNGY )ရဲ့ ၂၃နှစ်ပြည့် အခမ်းအနားကို
ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ပူးတွဲကျင်းပခဲ့ပါတယ်။

“ပူးပေါင်းလုပ်ဆောင်ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ တိုက်ဆိုင်သွားတာလို့ ပြောရမလားပေါ့။ ကျနော်တို့က ဒီလိုပေါ့ တဖက်မှာ ငိန်းကယန်းထန် အကယ်ဒမီရဲ့ အဆောက်အအုံကလဲ ဒီအခြေနေမှာ ပြီးသွားတယ် ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကယန်းမျိုးဆက်သစ် လူငယ်(KNGY)ရဲ့ နှစ်ပတ်လည်နဲ့လဲ မဝေးဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့က တစ်ခါတည်ပြုလုပ်လို့ရတယ်ပေါ့နော်။ တစ်ဆက်တည်းမှာပဲ ကျနော်တို့က ကယန်းမျိုးဆက်သစ်လူငယ်ရဲ့ နှစ်ပတ်လည်ကို ကျနော်တို့ပြုလုပ်မယ်။ ပြီးတော့ ငိန်းကယန်းထန်အကယ်ဒမီရဲ့ ဖွင့်ပွဲကို ကျနော်တို့ လုပ်တယ်ပေါ့နော်။ အဲ့လိုလုပ်ခြင်းဖြင့် ကျနော်တို့ စီနီယာ ခေါင်းဆောင်တွေလဲ စုရုံးမိတယ်ပေါ့။” လို့ အခမ်းအနားပူးတွဲကျင်းပရခြင်းအကြောင်းအရင်းကို ကယန်းမျိုးဆက်သစ်လူငယ်(KNGY)မှာ ‌ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သလို ငိန်းကယန်းထန် အကယ်ဒမီကျောင်းရဲ့ ဒုကျောင်းအုပ်ဖြစ်တဲ့ ကိုကေးပရယ် ကပြောပါတယ်။

ငိန်းကယန်းထန် အကယ်ဒမီကျောင်းကို ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပညာသင်ကာလ တစ်နှစ်ဖြစ်ပါတယ်။ အခြေခံဘာသာရပ် ၊ အထွေထွေဘာသာရပ် နဲ့ အဓိက ဘာသာရပ် ဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်။ အခြေခံဘာသာရပ်မှာ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကို သင်ကြားပြီး အထွေထွေဘာသာရပ်မှာ social science (လူမှုသိပ္ပံ)၊ puplic speaking(စကားပြောစွမ်းရည်)၊ leadership Skills (ခေါင်းဆောင်မှုစွမ်းရည်)၊ personal Development စတဲ့ ဘာသာရပ်တွေအပြင် အခြားသော အထွေထွေဗဟုသုတတွေကို ထည့်သွင်း သင်ကြားပေးတယ်လို့ သိရပါတယ်။

အဓိက ဘာသာရပ်မှာတော့ အခွင့်အရေးနဲ့ပတ်သက်တာတွေ ( လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး)၊ International Relations ( နိုင်ငံတကာဆက်ဆံရေး) ၊ ပဠိပက္ခနဲ့ငြိမ်းချမ်းရေး၊ Constitution (အခြေခံဖွဲ့စည်းပုံ) နဲ့အခြားသော နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို သင်ကြားပေးလျက် ရှိပါတယ်။

“အဓိက လူငယ်တွေရဲ့ နိုင်ငံရေးစွမ်းရည် မြှင့်တင်ချင်လို့ပေါ့နော်။ နောက်တစ်ချက်ကျတော့ ဒီအမျိုးသားရေး လုပ်ငန်းစဉ်တွေမှာ လူငယ်တွေပါဝင်မှု မြှင့်မားဖို့ပေါ့နော်။ နောက်တစ်ချက်ကျတော့ ကယန်းမျိုးဆက်သစ် လူငယ်တွေရဲ့ လုပ်ငန်းကဏ္ဍမှာပဲပြောပြော ကယန်းအသင်းအဖွဲ့ အသီးသီးရဲ့လုပ်ငန်း ကဏ္ဍမှာပဲပြောပြော လူငယ်တွေရဲ့ပူးပေါင်းပါဝင်မှု အားကောင်းဖို့ နဲ့ ဦးဆောင်နိုင်တဲ့ လူငယ်တွေမွေးထုတ်ဖို့” လို့ ငိန်းကယန်းထန် အကယ်ဒမီကျောင်းရဲ့ ဒုကျောင်းအုပ်ဖြစ်သူ ကိုကေးပရယ် က အခုလို ပြောပါတယ်။

ပညာသင်နှစ်ပြီးမြောက်သွားပါက ကိုယ့်ရပ်ရွာ ၊ အသိုင်းအဝန်းမှာ ခေါင်းဆောင်မှုနဲ့ဆက်စပ်ပြီး ပြန်လည်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ လက်ရှိ ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

“ လူငယ်အများစုက စစ်ရေးဖက်ကို ဦးတည်သွားကြပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုမှာ အားနည်းနေတဲ့အတွက်ကြောင့် တစ်နေ့တစ်ချိန်မှာ အမျိုးသားရေးအတွက်သော်‌လည်ကောင်း၊ လူမျိုးရေးအတွက် သော်လည်းကောင်း ပြန်လည်ဦးဆောင်နိုင်တဲ့ လူငယ်တစ်ဦးဖြစ်ဖို့ ရည်ရွယ်ပြီး ဒီအကယ်ဒမီကျောင်း ကိုတက်ရခြင်းဖြစ်တယ်။” လို့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ငိန်းကယန်းထန်အကယ်ဒမီကျောင်းမှာ ကျောင်းသူကျောင်းသား ( ၂၁ ) ဦး တက်ရောက် ပညာသင်ယူနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ