spot_img
32.5 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူများ ပြီး ဆေးဝါးလုံလောက်မှုမရှိ

ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူများ ပြီး ဆေးဝါးလုံလောက်မှုမရှိ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း- ကရင်နီ နယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်း အမှတ် ၁ မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူများနေပြိး ကုသဖို့ ဆေးဝါးတွေလုံလောက်မှု မရှိဘူးလို သိရပါတယ်။

ပြီးခဲ့လမှာ စပြီး ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ International Rescue Committee (IRC)က လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရက်ပေါင်း ၉၀ ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်း ဆေးခန်းတွေကိုလည်းပိတ်ထားတာပါ။

ဆေးခန်းတွေမှာ လက်ကျန်ရှိတဲ့ ဆေးဝါးတွေကို လုံးဝ အသုံးပြုခွင့်မပေးပေမယ့် တာဝန်ရှိသူတွေက တောင်းဆိုတာကြောင်း IRC မှာ တစ်ပတ်ကိုတစ်ကြိမ် ဆေးဝါးတွေကို အကတ်အသတ်နဲ့ ပြန်ပေးတာရှိတယ်လို့ ကရင်နီ အမှတ် ၁ စခန်း ကရင်နီကျန်းမာရေး ညွန်းကြားရေးမှူး နော်ခူဖော က ပြောပါတယ်။

“ဆေးဝါးတွေက ပွင့်ပွင့်လင်းလင်း ပြောရရင် IRCတွေက တစ်ပတ်တစ်ကြိမ်တော့ ဆေးဝါးတွေ ပေးတာပေါ့နော်။ ကတ်သတ်နဲ့ အဲ့လိုမျိုးပေးတာပေါ့နော်။ ကျမတို့ဆေးဝါးတွေက မလုံလောက်တာရှိတယ်။” သူက ပြောပါတယ်။

အဆိုပါ စခန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ ၂၈၂ဦးရှိပြီး ၁၀ အောက် ကလေးငယ်ဦးရေပိုများတယ်လို့ဆိုပါတယ်။ တစ်ရက်ကို ဆေးခန်းလာပြတဲ့ ပျှမ်းမျှဦးရေ ၈၀ ကနေ ၁၂၀ ကြားရှိနေတယ်လို့လည်းသိရပါတယ်။

ဆေးခန်းတွေပိတ်ထားရတာကြောင့် နာတာရှည်လူနာတွေအနေနဲ့လည်း အခက်အခဲရှိနေကြတယ်လို့ ဆိုါပတယ်။

“တစ်ယောက် နဲ့တစ်ယောက်ဖျားတာ ကွာကြတယ်လေး ဖျားတာ အသည်းအသန်ဖြစ်ပြီးဆိုရင် သေတော့မယ်လို့ ထင်တော့တာပေါ့နော် အသက်ရှင်ရင်တောင် အဲ့တာနဲ့ ပိုစိတ်ဒုက္ခ ဖြစ်တာပေါ့နော် အဖျားသေးကနေ အဖျားကြီးဖြစ်သွားတာပေါ့နော် အရမ်းခက်ခဲ့ အိပ်မရတော့ဘူး စားမဝင်တော့ဘူး သူများနေကောင်းကျန်းမာတော့ ပျော်နေတာ ကျမတို့လို ကျန်းမာရေးမကောင်းတော့ ပို့ များတော့ ဆေးခန်း ရက်တိုင်းသွားတာရှိတယ် စိတ်အရမ်းပင်ပန်းတယ်”လို့ စခန်းတွင်းမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိ ကရင်နီ ဒုက္ခသည် စခန်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအပြင် ဝမ်းလျော့ဝမ်းပျက်နဲ့ အရေပြားရောဂါဖြစ်ပွားမှုတွေလည်းရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ