Homeသတင်းဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံ လက်နက်နဲ့အတူ ခိုလှုံလာတဲ့ တပ်သား ၃ဦးကို တစ်ဦးလျှင် ကျပ်သိန်း (၃၀) ဆုငွေချီးမြှင့်

ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံ လက်နက်နဲ့အတူ ခိုလှုံလာတဲ့ တပ်သား ၃ဦးကို တစ်ဦးလျှင် ကျပ်သိန်း (၃၀) ဆုငွေချီးမြှင့်

-

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းထံ ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်းခိုလှုံဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်သားသုံးဦးကို တစ်ဦးလျှင် ကျပ်သိန်း (၃၀) ဆီ ဆုငွေချီးမြှင့်ခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား ၃ဦးဟာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်အတွင်း အင်အားဖြည့်တင်းဖို့ တာဝန်ကျလာတဲ့ ခမရ(၅၁၈) တပ်ရင်းက တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

“အလင်းဝင်လာတဲ့ ၃ဦးက ခမရ ၅၁၈ ကပါ။ ခမရ ၄၂၂ မှာတာဝန်ကျနေရင်း ထွက်လာတာပါ။အသက်က ၁၉ ၊ ၂၀ ဝန်းကျင်တွေပေါ့နော်။ မြေပြင်မှာကိုယ်တိုင်ချိတ်ဆက်ပြီး ထွက်လာကြတာ။ ဆုကြေးငွေက တစ်ဦးကို သိန်း ၃၀ ပေးခဲ့တယ်”လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

MA1 ၁လက်၊ MA3 ၂လက်၊ ကျည်တောင့် ၁၂၀ နဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းကနေ ဆုငွေချီးမြင့်ခဲ့တာပါ။

အဆိုပါတပ်သား ၃ဦးဟာ စစ်ကောင်စီရဲ့အတင်းအဓမ္မ တာဝန်ပေးခြင်းခံရပြီး ပြည်သူလူထုတွေအပေါ် နှိပ်စက်မှုတွေကို လက်မခံနိုင်တော့ဘဲ အရဲစွန့် ရုန်းထွက်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထပ်မံခိုလှုံလိုတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုဆိုလျက်ရှိတယ်လို့ တပ်ရင်းတာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

တော်လှန်ရေးကာလတစ်လျှောက် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၃၆) ဦးရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ