spot_img
27.8 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းစစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ Loikaw Local PDF တပ်ဖွဲ့ဆီအလင်းဝင်လာ

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ Loikaw Local PDF တပ်ဖွဲ့ဆီအလင်းဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မတ်လ ၁ ရက်နေ့) မှာ Loikaw Local PDF တပ်ဖွဲ့ဆီကို စစ်ကောင်စီတပ်သားတစ်ဦးက လက်နက် ခဲယမ်း နဲ့အတူ အလင်းဝင်လာတယ်လို့ ဒီကနေ့ မတ်လ ၂ရက်နေ့မှာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က အသိပေးထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူဟာ တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရသူဖြစ်ပြီး စစ်သင်တန်းတက်နေစဥ်ကတည်းက ထွက်ပြေးဖို့လည်း ကြံစည်ခဲ့သူဖြစ်တယ်လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သူအလင်းဝင်လာတဲ့ ရည်ရွယ်ချက်ကလည်း ဒါ အစကတည်းက ပြည်သူ့ စစ်မှုထမ်းချင်လို့ ထမ်းနေကြတာမဟုတ်ဘူးပေါ့နော်။ အတင်းအဓမ္မခေါ်ဆောင်ပြီးတော့ ပါသွားတဲ့အနေအထားတစ်ခုမှာဖြစ်လို့ အစကတည်းကလည်း သူတို့ထမ်းချင်တာမဟုတ်ဘူး။ ဒီဖက်ကို အစကတည်းက သင်တန်းပါသွားပြီဆိုကတည်းက ထွက်ပြေးဖို့ ကြံစည်ခဲ့တယ်လို့တော့ ကျနော်တို့ သိရတယ်ပေါ့။”လို့ သူကဆိုပါတယ်။

အဆိုပါတပ်သားဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီး MA – 1လက်နက်၁လက် ၊ ခဲယမ်း ၊ ကျည်ဘောက် တို့ပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းကဖြစ်ပြီး စစ်ကောင်စီရဲ့ အပတ်စဉ်(၄)သင်တန်းဆင်းဖြစ်ပါတယ်။
ပြည်သူ့စစ်မူ့ထမ်း ဥပဒေ ထုတ်ပြန်ပြီး မကြာမီ ရှောင်တစ်ခင် အဖမ်းအဆီး ခံ ခဲ့ရတာဖြစ်တယ်လို့
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူစစ်မူထမ်းတွေ ၊ အရာရှိစစ်သည် ရဲဘော် ၊အောက်ခြေ ရဲဘော်တွေနဲ့ Non CDM ဝန်ထမ်း တွေအားလုံးကို အလင်းဝင် ဝင်ရောက်ခိုလှုံလာဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပြီး လုံခြုံရေးကို အ‌လေးထား ကာကွယ်စောက်ရှောက် ဆောင်ရွက်ပေးသွားမယ်လို့ Loikaw Local PDF က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ