spot_img
32.5 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမြို့မှာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ရေကစားရာမှ ရေနစ်သေဆုံး

ဒီးမော့ဆိုမြို့မှာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ရေကစားရာမှ ရေနစ်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ၊ ဆောင်ဒူစစ်ရှောင်စခန်းအနီးက ရေထွက်ပေါက်တစ်နေရာမှာ မတ်လ ၂ ရက်နေ့ ၊ နေ့လည်ပိုင်းက အသက် ၁၀နှစ်ဝန်းကျင်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး ရေကစားရာကနေ မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေထွက်ပေါက်ရှိရာနေရာကို ကျောင်းနေအရွယ်ကလေးတွေ ကျောင်းပိတ်ရက်မှာ အုပ်စုဖွဲ့လာရောက်ပြီး ရေဆော့ကစားရာမှ ကလေးသုံးဦး ရေနစ်ခဲ့ကာ နှစ်ဦးကိုတော့ အသက်ကယ်ဆယ်နိုင်ခဲ့ပေမယ့် တစ်ဦးကတော့ အသက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရေနစ်သေဆုံးတဲ့ ကလေးဟာ ဒီးမော့ဆို၊ ဆောင်ဒူစစ်ဘေးရှောင်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်တွေမှာ ကရုစိုက်ကြဖို့ကိုလည်း ဒေသခံတစ်ဦးက အခုလို တိုက်တွန်းပြောဆိုထားပါတယ်။

“ အခုလို ရေနစ်သေဆုံးတာ ဆိုးရွားတဲ့ အဖြစ်ဆိုး ထပ်မံ မကြုံတွေ့ရလေအောင်၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးငယ်တွေ မတော်တဆမှုတွေ နည်းပါးအောင် ထိန်းသိမ်းသွားဖို့ လိုအပ်တယ်” လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။

စစ်ရှောင်စခန်းမှာနေထိုင်တဲ့သူတွေဟာ နွေရာသီ ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရတာကြောင့် ရေအရင်းအမြစ်ရှိတဲ့ချောင်း ၊ ရေထွက်ပေါက်တွေမှာ ရေချိုးတာ ၊ အဝတ်လျှော်တာတွေကို ပြုလုပ်ကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ