spot_img
19.5 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းနိုင်ငံတစ်ဝှမ်းမှာ တစ်လအတွင်း အသက် ၁၈နှစ်အောက်ကလေးငယ် ၁၃ ဦး အပါအဝင် အမျိုးသမီး ၆၆ ဦးသေဆုံး

နိုင်ငံတစ်ဝှမ်းမှာ တစ်လအတွင်း အသက် ၁၈နှစ်အောက်ကလေးငယ် ၁၃ ဦး အပါအဝင် အမျိုးသမီး ၆၆ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူသားအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း ၁၈နှစ်အောက်ကလေးငယ် ၁၃ဦး အပါအဝင် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီကနေ့ မတ်လ ၆ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၁ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ဦး၊ အကျဉ်းထောင်အတွင်း ဆေးကုသခံမှုမရှိခြင်းကြောင့် ၁ဦး၊ မြေမြုပ်မိုင်းကြောင့် ၇ဦး ဖြစ်ပါတယ်။

ပုံစာ – ဖေဖော်ဝါရီလအတွင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့တဲ့ ကရင်နီက လေကြောင်းတိုက်ခိုက်မှုမြင်ကွင်းကို တွေ့ရစဉ်

ပြည်နယ်နဲ့ တိုင်းဒေသအလိုက် သေဆုံးမှုတွေထဲ စစ်ကိုင်းတိုင်းက ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ၊ မကွေးတိုင်း ၉ ဦး ၊ ရှမ်းပြည်နယ် ၉ ဦး ၊ မန္တလေးတိုင်း ၈ ဦး ၊ ရခိုင်ပြည်နယ် ၇ ဦး ၊ ကချင်ပြည်နယ် ၆ ဦး ၊ တနင်္သာရီတိုင်း ၂ ဦး ၊ ပဲခူးတိုင်း ၂ ဦး ၊ ကရင်နီ နဲ့ ကရင်ပြည်နယ်မှာ ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးမှုအပြင် အမျိုးသမီး ၆၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၁ ဦး၊ လက်နက်ကြီးကြောင့် ၂၃ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ဦး နဲ့ အကြောင်းမဲ့ ရိုက်နှက်ခံရသူ ၁ ဦး ရှိတယ်လို့ ဆိုထားပါတယ်။

စစ်အာဏာသိမ်းကာလ ၄နှစ်အတွင်း စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေတာကြောင့် အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတယ်လို့ BWU က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ