spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းNUG ကနေ အနားယူလိုက်ပေမယ့် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ခွန်းဗဟန်းထန် ပြော

NUG ကနေ အနားယူလိုက်ပေမယ့် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ခွန်းဗဟန်းထန် ပြော

-

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ခွန်းဗဟန်းထန်ဟာ တာဝန်ကနေ အနားယူလိုက်ပြီလို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“NUG တာဝန်ကနေ နားသွားတာမှန်ပါတယ်။ တော်လှန်ရေးတာဝန် နားသွားတာမဟုတ်ပါဘူး။ စစ်အာဏာရှင်ကို မိဘပြည်သူနဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အားလုံးနဲ့အတူ ကျရာအခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ “လို့ ခွန်းဗဟန်းထန်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးထုတ်ပြန်ပါတယ်။

တရားဝင်ထုတ်ပြန်တဲ့ မတ်လ ၇ ရက်နေ့ကစပြီး တာဝန်ကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ၊ တော်လှန်ရေးအတွက် အားသန်တဲ့ကဏ္ဍတွေမှာ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ခွန်းဗဟန်းထန်က ဆက်ပြောပါတယ်။

“NUG တာဝန်ကနေ တရားဝင်ထုတ်ပြန်တဲ့ နေ့ကစပြီး နားတာဖြစ်ပါတယ်။ NUG တာဝန်ကနေ နားတာဟာ ကိုယ်အားသန်တဲ့ဘက်ကနေ တော်လှန်ရေးအတွက် ပိုပြီးအကျိုးရှိအောင် အခြားတာဝန်ကို လုပ်ဆောင်သွားနိုင်ဖို့ဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

ခွန်းဗဟန်းထန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Ramkhamhaeng တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ရထားသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကယန်းပြည်သစ်ပါတီမှာ ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ