spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ ရေကြောင့် အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ၊ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်

နယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ ရေကြောင့် အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ၊ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ထိုင်း နယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ မသန့်ရှင်းတဲ့ရေကို အသုံးပြုနေရတာကြောင့် ကလေးငယ်တွေ အရေပြားအနာတွေ ဖြစ်ပွားနေကြပြီး လူကြီးတွေက ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

“ဝမ်းပျက်ဝမ်းလျှောဖြစ်သူ လူကြီး ၂၀ ဦးအထက် ရှိနေပါတယ်။ ယားနာသူ ကလေးက ၁၀၀ ဦး အထက်ရှိနေပါတယ်။ ရေကြောင့်ဖြစ်တယ်လို့ ပြောကြတယ်။ အပေါ်ကချိုးတာ၊ အဝတ်လျှော်တယ်။ အောက်ကချိုးတယ်။ သောက်တယ်။ လူဦးရေကများတော့လေး” လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ ရေထွက်ပေါက်ကနေ ထွက်ရှိတဲ့ ချောင်းရေတခုတည်းကို အားထားပြီး သောက်သုံးတာ၊ ချက်ပြုတ်တာ၊ ရေချိုး အဝတ်လျော်တာတွေကို ရောနှော အသုံးပြုနေရတာကြောင့် ရေဟာ မသန့်ရှင်းတော့ဘဲ အခုလို အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကရေကို သွယ်ယူအသုံးပြုနိုင်ဖို့ အကူအညီတောင်းခံလိုကြောင်းကိုလည်း စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။

“နောက်ထပ် ရေမရရင်တော့ ကလေးကော လူကြီးပါ ယားနာတွေ ဝမ်းပျက်ဝမ်းလျှောတွေ ထပ်ဖြစ်နိုင်ပါတယ်။ အဲ့ကြောင့် ရေပိုက် အရေးပေါ်လိုနေပါတယ်။ ရေကတော့ရှိတယ်။ ဝေးနေတော့ ပြည်သူ၊ စစ်ရှောင်အဖွဲ့ကလဲ ကိုယ်တိုင်မလုပ်နိုင်တော့ အထူးကူညီ လိုအပ်ပါတယ်။ ပေပေါင်းကတော့ ၃၀၀၀၀ လောက် ရှိပါတယ်။” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကနေ ရေကိုသွယ်ယူနိုင်ဖို့အတွက် ခန့်မှန်းခြေ ကုန်ကျစရိတ်အနေနဲ့ သိန်း ၁၅၀ ကျပ် ရှိကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၂၀ ရှိပြီး လူဦးရေ ၁၄၅၂ ဦး နေထိုင်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ