Homeသတင်းဒီးမော့ဆိုနဲ့ ဖရူဆိုမှာ မနှစ်ကထက် မန်ကျည်းသီးမှည့် ဈေးနှုန်း ပိုရ

ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ မနှစ်ကထက် မန်ကျည်းသီးမှည့် ဈေးနှုန်း ပိုရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ မနှစ်ကထက် မန်ကျည်းသီးမှည့် ရောင်းတာ ဈေးနှုန်းပိုရ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်နှစ်တော့ (တစ်ပိဿာ) ငါးရာပဲရတယ်၊ နည်းနည်းပိုရှိတာပေါ့နော။ ယခုနှစ်က တစ်ထောင့်သုံးရာအထိတော့ ရတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မန်ကျည်းသီး ဈေးနှုန်းပိုရတာကြောင့် ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေ၊ ရောင်းချသူတွေလည်း ပြီးခဲ့တဲ့နှစ်ထက် မန်ကျည်းသီး လိုက်ခူးသူ ပိုများတယ်လို့ ဆိုပါတယ်။

“သွားဖို့လာဖို့ ဆီဖိုးလေးဘာလေး ရအောင်ပေါ့၊ မန်ကျည်းသီး ပြန်ခူးတာ” လို့ ဖရူဆိုစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆို ၊ ဖရူဆိုက မန်ကျည်းသီးကို ရှမ်းပြည် တောင်ကြီးမြို့က ကုန်သည်တွေဆီ တင်ပို့ ရောင်းချကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ