spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းနန်းစံခမ်း ကျေးရွာ လယ်တောမှာ မိုင်းနင်းမိတဲ့ အမျိုးသမီး ညာခြေတစ်ဖက်ဖြတ်ရ

နန်းစံခမ်း ကျေးရွာ လယ်တောမှာ မိုင်းနင်းမိတဲ့ အမျိုးသမီး ညာခြေတစ်ဖက်ဖြတ်ရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ နန်းဖယ်ခုံမြို့နယ် နန်းစံခမ်း‌ ကျေးရွာရဲ့ လယ်တောမှာ ယနေ့ (မတ်လ ၂၆) မနက် ၉နာရီ အချိန်မှာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ နန်းမယ်ခုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ သိသလောက်ပေါ့နော်။ ဆိုင်ကယ်ကို အရိပ်မှာ သွားထားမယ် ဆိုပြီး အရိပ်ရှိရာ အရပ်ကို ဆိုင်ကယ်တွန်းသွားတာ။ ပြီးမှ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်း ကို ဆိုင်ကယ်ဘီး နဲ့ တက်နင်းမိတာ။ ခြေထောက်ထိတော့ ညာဘက်က အရိုးကြေကုန်တာဖြတ်ထုတ်လိုက်ရတယ်။ ဘယ်ဘက်တော့ နည်းနည်း ထိခိုက်ထားပါတယ်။ “လို့ နန်းမယ်ခုံမြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အဆိုပါ အမျိုးသမီး ဟာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်မူလုံး ဖြစ်ပြီး လီဝိုးကျေးရွာဇာတိဖြစ်ကာ လက်ရှိ ဒေါပေါ်ကူးကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုင်းနင်းမိသူ အမျိုးသမီးကို အားမာန်သစ် ပရဟိတအသင်း နဲ့ ကျွန်းတော ပရဟိတ အသင်း ကနေ ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဆိုပါ မိုင်းနင်းမိသူ အမျိုးသမီးဟာ ကြက်သွန်ဖြူစိုက်ခင်းမှာ ကြက်သွန်ဖြူလိုက်ရှာ ကောက်ဖို့ သွားရာကနေ ဖြစ်ခဲ့တယ်လို့ နန်းမယ်ခုံမြို့နယ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ