spot_img
28.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆို အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ၂ လုံး ကျရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်၍ ဒဏ်ရာပြင်းထန်

ဖရူဆို အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ၂ လုံး ကျရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်၍ ဒဏ်ရာပြင်းထန်

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ည ၉ နာရီခွဲချိန်မှာ စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်ကနေ၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် ၅၀ ကျော် ဒေသခံ အမျိုးသမီးတစ်ဦး ကျောကုန်းနဲ့ခြေသလုံးထိမှန်ကာ ဒဏ်ရာပြင်းထန်နေတယ်လို့ သိရပါတယ်။

“ဖြစ်စဥ်ကတော့ မတ်လ ၂၄ ရက်နေ့ ည ၉:၅၇ အချိန်မှာ ခမရ (၅၃၁)က ပစ်တယ်ပေါ့ ၈၁ (၂)လုံးနဲ့။ အိမ်နှစ်လုံးထိတယ်။ ခွေးတစ်ကောင်သေတယ်။ အဒေါ် အသက်(၅၀)ကျော် တစ်ယောက်ထိတယ်။ ဒဏ်ရာကြီးတော့ ဆေးရုံပို့ထားရပေါ့။ ကျောကုန်းနဲ့ ပေါင်လည်း ထိသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီးထိမှန်ထားတဲ့ အမျိုးသမီးဟာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

ယခင်နှစ်တွေမှာလည်း နေရပ်ပြန်ကြည့်တဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံများ ယာခင်းထဲသွားချိန်မှာ စစ်ကောင်စီက မကြာခဏ လက်နက်ကြီး ပစ်ခတ်တာမျိုး ရှိနေပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ