spot_img
11.2 C
Loikaw
Thursday 8, January 2026
spot_img
Homeသတင်းနန်းမယ်ခုံမှာ ယာဥ်မတော်တဆဖြစ်ပြီး တစ်ဦး စိုးရိမ်ရ

နန်းမယ်ခုံမှာ ယာဥ်မတော်တဆဖြစ်ပြီး တစ်ဦး စိုးရိမ်ရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နန်းမယ်ခုံမြို့နယ်မှာ ဆိုင်ကယ်နှစ်စီး တိုက်မိပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နန်းမယ်ခုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

ယမန်နေ့ (မတ် ၂၇ ရက်နေ့) နေ့လည်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်နှင်သူတွေဟာ အသက် ၅၀ အရွယ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသားတွေပဲပေ့ါနော် နှစ်ဖက်လုံး နှစ်ယောက်လုံးက။ တစ်စီးက ကွေ့ဖို့ လုပ်နေတုန်း နောက်တစ်စီးက ကျော်ဖို့ ကြိုးစားပြီး တစ်စီးနဲ့ တစ်စီး ချိတ်မိပြီး ဖြစ်တာ။ တစ်ဦးက ပွန်းပဲ ဒဏ်ရာလောက်ပဲ။ တစ်ဦးက စိုးရိမ်ရလို့ ဆေးရုံတင်ပေးထားတာ။”လို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ ရဲ့ တာဝန်ရှိသူ ကဆိုပါတယ်။

စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရှိသွားသူဟာ အသက် ၅၀ ဝန်းကျင် အမျိုးသားဖြစ်ပြီး ဦးခေါင်းမှာ ထိခိုက်သွားတာဖြစ်ပါတယ်။

အဆိုပါ အသက် ၅၀ အရွယ် အမျိုးသားဟာ မိုင်းဖြတ်ဇာတိက ဖြစ်ပြီး ဒေါတော်ကူးမှာ စစ်ရှောင်ကာ အသက် ၁၇ နှစ်အရွယ်အမျိုးသားတစ်ဦးမှာတော့ လားလဲ ကျေးရွာကဒေသခံဖြစ်တယ်လို့ နန်းမယ်ခုံမြို့နယ် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ