spot_img
26.8 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပွန်ချောင်းမှာ ကားတစ်စီး တိမ်းမှောက်ပြီး ကျောင်းဆရာ တစ်ဦးသေဆုံး

ပွန်ချောင်းမှာ ကားတစ်စီး တိမ်းမှောက်ပြီး ကျောင်းဆရာ တစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းမှာ ဒီကနေ့ (ဧပြီလ ၁ ရက်နေ့) မနက်ပိုင်းမှာ ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကျောင်းဆရာ တစ်ဦး‌သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ သေဆုံးခဲ့သူဟာ ပွန်ချောင်းကနေ နေအိမ်ကို ကားကြုံနဲ့ လိုက်ပြန်ရာကနေ ကားတိမ်းမှောက် သေဆုံးခဲ့တာဖြစ်တယ်လို့ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“တစ်ယောက်သေသွားတယ်။ တနီးလာလဲကတဲ့ သူနေတာ။ အရှေ့ဖက်ကမ်းကနေ ပြန်လာတာ ကျောင်းဆရာတစ်ယောက်က။ လမ်းကြုံကားနဲ့လိုက်ပြန်မို့ ကားမှောက်လို့ သေသွားတာ။” လို့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကားပေါ်မှာ လူ၁၀ ဦးဝန်းကျင် လိုက်ပါလာပြီး ကားတိမ်းမှောက်ချိန် အချိန်မီခုန်ချနိုင်ခဲ့ကြတာကြောင့် ထိခိုက်မှု နည်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ကားပေါ်က လူတွေက မထိခိုက်ဘူး။ ခုန်ချမီကြသေးတယ်။ သူလည်း ခုန်ချမီတယ်။ ဒါပေမဲ့ သူ့အပေါ်မှာ ကားလှိမ့်ကျသွားတာ။ အခြားလူက အကုန်လွတ်တယ်။ အကုန်ခုန်ချမီကြတယ်။”လို့ သူက ဆိုပါတယ်။

သေဆုံးခဲ့သူကျောင်းဆရာဟာ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာကဖြစ်ပြီး အရှေ့ဖက်ကမ်းမှာရှိတဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းဆရာအဖြစ် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ