spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်း ၁၁မိုင်ကုန်းတွင် ယာဉ်မတော်တဆဖြစ်ပွား

ဒီးမော့ဆိုအနောက်ခြမ်း ၁၁မိုင်ကုန်းတွင် ယာဉ်မတော်တဆဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဧပြီလ ၂ ရက် နေ့လည် ၁၂နာရီဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်း ၁၁မိုင်ကုန်းမှာရှိတဲ့ အိမ်ခြံဝိုင်းစည်းရိုးကို Honda fit အိမ်စီးကားမှ ဝင်တိုက်မိပြီး ကားတိမ်းမှောက်ခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

“ကားက အဲ့ဖက်ကနေ အရှိန်နဲ့လာတယ်(ပဆေးလာမှ ချယ်ရီကုန်းသို့ သွားသည့်ဖက်)။ ပြီးအုတ်တံတိုင်းကို ဝင်ကြုံးပလိုက်တယ်။ကားပေါ်မှာတော့ လူလေးယောက်ပေါ့ နှစ်ဦးက အမျိုးသမီးပေါ့။ နှစ်ဦးမှာ တစ်ဦးက ကိုယ်ဝန်ဆောင်။ နောက်နှစ်ဦးက အမျိုးသား” လို့ မျက်မြင်တွေ့ရှိသူအမျိုးသမီးတဦးက ပြောပါတယ်။

အဆိုပါ ယာဉ်ပေါ်မှာ ကားမောင်းသူအပါအဝင် လေးဦး စီးနှင်းလိုက်ပါလာတာဖြစ်ပြီး ကားမောင်းသူတဦးမှာတော့ ခေါင်းမှာဒဏ်ရာအနည်းငယ် ရရှိသွားသလို အမျိုးသမီးတစ်ဦးမှာလည်း အနည်းငယ် ထိခိုက်မိတယ်လို့ ဆိုပါတယ်။

“မြင်တွေ့ရသလောက်တော့ ကားကလုံးဝပျက်စီးသွားတဲ့အနေအထားပေါ့နော်။ အရှေ့ခြမ်းလည်းအကုန်ပျက်ကုန်တယ်။ ပြီးတော့ အောက်ပိုင်းလည်း ရစရာမရှိတော့ဘူး။ သူ့ကားက ပြောင်းပြန်လှန်သွားတဲ့ အခါကျတော့ လုံးဝပျက်စီးသွားပြီပေါ့” လို့ နောက်ထပ်မျက်မြင် အမျိုးသားတဦးကပြောပါတယ်။

ကျန်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ သူမရဲ့ အမျိုးသားမှာတော့ ထိခိုက်ဒဏ်ရာမရရှိဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာလည်း နန်းမယ်ခုံမြို့မှာ ယာဉ်မတော်တဆဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး ဦးခေါင်းဒဏ်ရာနဲ့ အသက်သေဆုံးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ