spot_img
26.2 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတစ်လအတွင်း ဘောလခဲက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိထား

တစ်လအတွင်း ဘောလခဲက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိထား

-

ကန္တာရ၀တီတိုင်း (မ်)

၂၀၂၅ ခုနှစ် မတ်လ တစ်လအတွင်း ကရင်နီပြည် ဘောလခဲမြို့နယ်က စစ်ကောင်စီ ကာကင်းစခန်း ၅ ခုကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ – Joint Chiefs of Staff (JCS) က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမှိုက်ကျင်း ၊ကျောက်ခွဲစက် ၊ရေကျော် ၊ရေနီပေါက် ၊ ၀မ်ပလန်း(ဝမ်မလန်း) စတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို သိမ်းပိုက်ရမိတာဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ရက်နေ့ကစလို့ ဘောလခဲမြို့နဲ့ ဖားဆောင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတော်လှန်ရေး အင်အားစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီ တပ်သား ၆၀ ကျော်သေဆုံးခဲ့တယ်လို့ဆိုပေမဲ့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေရဲ့ ထိခိုက်သေဆုံးမှု အရေတွက်ကို ဖော်ပြထားခြင်းမရှိပါဘူး။

သို့ပေမဲ့ ကန္တာရ၀တီတိုင်း (မ်) ရဲ့ သတင်းအရင်း အမြစ်ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့က ထိခိုက် ဒဏ်ရာရသူ များပြားပြီး သေဆုံးသူ ၅ ဦးထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

ကရင်နီတော်လှန်ရေးအင်အားစုရဲ့ မတ်လ တစ်လတာ စစ်ဆင်ရေးအတွင်း ဘောလခဲ ကာကင်းစခန်း ၅ ခု အပြင် ဖားဆောင်းမြို့နယ်က မီးတပ်တိုက်နဲ့ ရေဆိပ်ကို ကန့်သတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ် ။

အလားတူပဲ ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစလို့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့လည်းသေဆုံးမှုရှိတယ်လို့ ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ