Homeသတင်းမြန်မာပြည်အလယ်ပိုင်းအပါအဝင် ငလျင်ဘေးသင့်ဒေသ ၃ခုကို IECက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည်

မြန်မာပြည်အလယ်ပိုင်းအပါအဝင် ငလျင်ဘေးသင့်ဒေသ ၃ခုကို IECက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည်

-

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံ အလယ်ပိုင်းအပါအဝင် ငလျင်ဘေးသင့် တဲ့ ဒေသ၃ခုက ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စိ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

မြန်မာပြည်အလယ်ပိုင်း ငလျင်ဘေးသင့်ပြည်သူအတွက်တစ်ခု၊ ကရင်နီပြည်နဲ့ ထိစပ်နေတဲ့ ဒေသက ငလျင်ဘေးသင့်ပြည်သူတွေအတွက်တစ်ခု၊ ကရင်နီပြည်တွင်းငလျင်ဘေးသင့်ပြည်သူတွေအတွက် တစ်ခု စုစုပေါင်း နေရာဒေသ ၃ ခု က ပြည်သူတွေကို ကူညီဖို့ လျာထားတယ်လို့ ဆိုပါတယ်။

“တတ်နိုင်တဲ့ ငွေပမာဏနဲ့ ထောက်ပံ့မှုတွေ လုပ်ပေးဖို့ စီစဥ်ထားပါတယ်။ ဒီကိစ္စကိုလည်း ကရင်နီပြည်အင်အားစုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရန်ပုံငွေတွေ ရရှိအောင်ဆောင်ရွက်နေပါတယ်” IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။

အဲဒီ ကူညီထောက်ပံ့မှုအစီအစဥ်ကိုလည်း စတင်နေပြီဖြစ်တယ်လို့ ပြောပါတယ်။ ငလျင်ဘေးသင့်လူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ကျပ်သိန်း ၁,၀၀၀ အသုံးပြုသွားမယ်လို့ လည်း IEC ဒုဥက္ကဌ ခွန်းဘီထူးက Myanmar Now သတင်းဌာနကို မတ်လ ၃၁ ရက်နေ့မှာ ဖြေကြားခဲ့ပါသေးတယ်။

မြန်မာပြည် အလယ်ပိုင်းက ငလျင်ဘေးသင့် ပြည်သူလူထုတွေကို ကရင်နီပြည်တွင်းမှာ လာရောက်ခိုလှုံ နေထိုင်နိုင်ကြောင်းလည်း IEC ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ငလျင်စလှုပ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၂ ရက် ညနေ ၆ နာရီ အထိ သေဆုံးသူ ၃၀၀၃ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဧပြီ ၃ ရက်နေ့က ဖော်ပြပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူ ၄၅၁၅ ဦးနဲ့ ပျောက်ဆုံးသူ ၃၅၁ ဦးအထိ ရှိတယ်လို့လည်းဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ