spot_img
28.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းKNDF ဗျူဟာအမှတ်(၈) ဆီ ကူးပြောင်းလာတဲ့ MOD တပ်သား တပ်သားအင်အား ၁၀၆ ဦးရှိ

KNDF ဗျူဟာအမှတ်(၈) ဆီ ကူးပြောင်းလာတဲ့ MOD တပ်သား တပ်သားအင်အား ၁၀၆ ဦးရှိ

-

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်က နှုတ်ထွက်ပြီး KNDF ဗျူဟာအမှတ် (၈) တပ်ရင်း အမှတ် (၂၃) ဆီ ကို ကူးပြောင်းလာတဲ့ အမှတ် ၁၀၀၄ တပ်ရင်း က
တပ်သားဦးရေ ၁၀၆ ဦးရှိတယ်လို့ ကူးပြောင်းလာတဲ့ တပ်သားရဲ့ အရာရှိတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

အဆိုပါ တပ်ရင်းဟာ ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၄) တပ်ရင်းကဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂ရက်နေ့မှာ ကူးပြောင်းတဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျတော်တို့ ကူးပြောင်းသွားတဲ့ တပ်ရင်းရဲ့ အင်အားက ၁၀၆ ဦးပေါ့။”လို့ အမှတ်(၁၀၀၄) တပ်ရင်းအရာရှိတစ်ဦးက ဆိုပါတယ်။

အခုလို တပ်ရင်းအလိုက် ကူးပြောင်းသွားတာဟာ စစ်ရေးဖော်ဆောင်မှု ပိုမိုအားကောင်းဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ အဆိုပါ အမှတ်(၁၀၀၄) တပ်ရင်းအရာရှိတစ်ဦးက အခုလို
ဆက်ပြောပါတယ်။

“ဒီရည်ရွယ်ချက်က ပြည်ထောင်စုတပ်မှ ပြည်နယ်တပ်အဖြစ်သို့ ကူးပြောင်းပြီး စစ်ရေးဖော်ဆောင်မှုမှာ ပိုမိုစုဖွဲ့မှု အားကောင်းဖို့အတွက် ဖြစ်ပါတယ်။”လို့ သူကဆိုပါတယ်။

တပ်ရင်းကူးပြောင်းခြင်းနဲ့ ပတ်သက်ပြီး MOD ဖက်ကလည်း သဘောထားကြီးစွာ ခွင့်ပြုပေးသလို KNDF ဒုစစ်ဦးစီးအပါအဝင် ဗဟိုကော်မတီဝင်၊ ဗဟိုစစ်ရေးညွန်ကြားရေးမှုး ဗျူဟာမှူးတွေလည်း အခမ်းအနား ကျင်းပခြင်းမှာ တက်ရောက် လက်ခံကြိုဆိုပေးကြတယ်လို့ အဆိုပါ ကူးပြောင်းသွားတဲ့ အမှတ်(၁၀၀၄) တပ်ရင်းအရာရှိတစ်ဦးက ဖြည့်စွက်ပြောဆိုထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးကာလတစ်လျှောက်အတွင်း အမှတ်(၁၀၀၄) တပ်ရင်းက ရဲဘော် ၈ဦး ကျဆုံးခဲ့တာရှိတယ်လို့ သိရပါတယ်။

MOD လက်အောက်ကနေ နှုတ်ထွက်ပြီး တပ်ရင်းဆိုင်ရာ အမည်နာမ၊ Logo ၊ ဘက်တံဆိပ် နဲ့ NUG pay account အသုံးပြုခြင်းတွေကို MOD ထံ ပြန်အပ်နှံသွားပြီဖြစ်ကြောင်း ဒီကနေ့ ဧပြီလ ၄ ရက်နေ့မှာ ဖယ်ခုံတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၄) တပ်ရင်း က အသိပေးထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ