spot_img
14.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ

-

ကန္တာရဝတီတိုင်း(မ်)

တခြားဒေသကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း ပြန်ဝင်လာတဲ့သူတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ငွေလွဲအကောင့်တွေကိုပါ စစ်ဆေးခံရတယ်လို့ မြို့ခံတွေကပြောပါတယ်။ Kpay လို အွန်လိုင်း ငွေလွဲ အကောင့်ရှိသူတွေကို စစ်ဆေးရာကနေ ဖမ်းဆီခံရသူတွေလည်းရှိတယ်လို့ မြို့ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ငွေလွှဲတဲ့ ဟာ အဓိကစစ်တယ်။ နောက် ပထမ မိထားတဲ့ သူ ရဲ့ ငွေလွဲထားတဲ့ သူစာရင်းတွေနဲ့ ပြန် လိုက်တယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကတည်းက လွိုင်ကော်မြို့တွင်း အဝင်အထွက် ပြုလုပ်နေသူတွေကို စစ်ကောင်စီက စစ်ဆေးပြီး မှတ်ပုံတင်နဲ့ သူတို့မှာ ရှိတဲ့ Tablet ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်နေတာပါ။

မတ်လအတွင်းမှာပဲ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းခံရတာရှိတယ်လို့ နောက်ထပ် လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အရင် ရှေ့ ၃ ပတ်လောက်က ကရင်နီပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ် ၂ အုပ်နဲ့ အမျိုးသားတယောက် ဂိတ်မှာဖမ်းမိတယ်။ ပြီးတော့ အရင်ရှေ့ ၂ပတ်လောက်က တောင်ကြီးကနေ လွိုင်ကော် ပြန်ပြီး ကလေးကျောင်းထားဖို့ အိမ်ထောင်စုစာရင်း ပြန်လုပ်မယ်ဆိုပြီး ပြန်တာ လွိုင်ကော် အဝင် ပြည်နယ်အားကစားဝန်း ဂိတ်မှာ မှတ်ပုံတင်ကော K pay ကော စစ်ခံရပြီး အမျိုးသမီး တစ်ဦးဖမ်းမိတာရှိတယ်။” လို့ လွိုင်ကော်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လူထုတွေ အသုံးပြုကြတဲ့ ငွေလွဲအကောင့် တစ်ခုခုကနေ စစ်ဆေးတဲ့အခါ စစ်ကောင်စီရဲ့ စစ်ဆေးတဲ့စက်တွေမှာ အသုံးပြုထားတဲ့ အချက်အလက်တွေ အားလုံးပြန်ပေါ်တယ်လို့ အစစ်ဆေးခံရသူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာလည်း CDM ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ