spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရက် ၄၀ အတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုအပြင် တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံးထက်မနည်း မီးလောင်ပျက်စီး

ရက် ၄၀ အတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုအပြင် တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံးထက်မနည်း မီးလောင်ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ မတ်လ ၁ ရက်နေ့စပြီး ဧပြီလ ၁၀ ရက်နေ့အထိ တစ်လကျော်အတွင်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုအပြင် တောမီးကူစက်မှုတွေကြောင့် စစ်ရှောင်တဲအိမ် အပါအဝင် နေအိမ် ၁၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

အဆိုပါ မီးလောင်ပြာကျခဲ့တဲ့ နေအိမ်တွေထဲ စစ်ရှောင်တဲအိမ် ၇လုံးပါဝင်ပါတယ်။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်ဟာ ၆လုံးထက်မနည်းရှိပြီး တောမီးကနေ တဆင့် လောင်ကျွမ်းပျက်စီးခဲ့မှုမှာတော့ တဲအိမ် ၇လုံး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာတော့ တောမီးကူးစက်လောင်ကျွမ်းရာကနေ လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ တဲအိမ် နှစ်လုံးမီးလောင်ပြာကျခဲ့တာပါ။ အလားတူ ဧပြီလ ၁ရက်နေ့က လွိုင်ကော်အရှေ့ခြမ်းတစ်နေရာမှာလည်း တောမီးကြောင့် တဲအိမ် ၅လုံး ထပ်မံ မီးလောင်ပြာကျခဲ့ပါတယ်။

ဒါ့အပြင် ဖရူဆိုမှာလည်း စစ်ကောင်စီမီးရှို့မှုကြောင့် မတ်လ ၃၁ ရက်နေ့နဲ့ ဧပြီလ ၁ရက်နေ့ နှစ်ရက်အတွင်း နေအိမ် ၆လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အရပ်သားရှိရာအရပ်တွေကို ပစ်မှတ်ထားတိုက််ခိုက်မှုတွေလုပ်နေသလို အရပ်သားမရှိတဲ့ နေရာကိုလည်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လတစ်လအတွင်းမှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၁၁လုံးအပါအဝင် အဆောက်အဦး ၂၅ ခု ထက်မက ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၈ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ