spot_img
28.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်း၅၇နှစ်ပြည့်ပြီဖြစ်တဲ့ ကယောအမျိုးသားနေ့ကို ဖရူဆိုမှာ (၁၁)ကြိမ်မြောက်ကျင်းပ ပြုလုပ်ခဲ့

၅၇နှစ်ပြည့်ပြီဖြစ်တဲ့ ကယောအမျိုးသားနေ့ကို ဖရူဆိုမှာ (၁၁)ကြိမ်မြောက်ကျင်းပ ပြုလုပ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ (၁၅)ရက်နေ့မှာ ကျရောက်တဲ့ (၅၇)နှစ်ပြည့် ကယောအမျိုးသားနေ့ကို (၁၁)ကြိမ်မြောက်အဖြစ် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားမှာ လူထုတွေကနေ ပွဲအခမ်းအနားကို ချီတက်တာ၊ ကယောအမျိုးသား အလံလွင့်ထူတာ၊ အလံတော် အလေးပြုတာ၊ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်တွေနဲ့ ငလျင်ဘေးကြောင့် ထိခိုက်သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အဖွင့်အမှာစကားနဲ့ မိန့်ခွန်းပြောကြားတာတွေ၊ ကယောအက နဲ့ ကပြဖျော်ဖြေတာ၊ အဖွဲ့အစည်း အသီးသီးကနေ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့ ကယောအမျိုးသားတွေက တကယ်တမ်း အသိအမှတ်ပြုခံရတာက ( ၅၇)နှစ်ဘဲ ရှိသေးတယ်ဆိုတဲ့ဟာကို ဖော်ပြချင်တာပေါ့နော။ နောက်(၁၁)ကြိမ်မြောက်လို့ ရေးထားတယ်ဆိုတာကလည်း ဒီလိုမျိုး ခမ်းခမ်းနားနားနဲ့ လုပ်တာကလည်း(၁၁) ကြိမ်မြောက်ဘဲရှိသေးတယ်။ တကယ်တမ်း(၅၇) နှစ်လုံး ခမ်းခမ်းနားနားနဲ့ မလုပ်နိုင်သေးဘူး။ ပထမဆုံးစလုပ်တဲ့နှစ်က ဒီကရင်နီပြည်ထဲမှာ ကယောအမျိုးသားရယ်လို့ သီးသန့်ဖြစ်ချင်လို့ဆိုပြီးမှ အဲ့ဒီနေ့ရက်ကိုရွေးပြီးမှလုပ်လိုက်ရတာဖြစ်တယ်။ “လို့ ကယောအမျိုးသားဗဟိုကော်မတီ ဒုဥက္ကဌဒေါ်မိုးမိုးကပြောပါတယ်။

အဆိုပါ(၅၇)နှစ်ပြည့်၊ (၁၁)ကြိမ်မြောက်ပြုလုပ်တဲ့ ကယောအမျိုးသားနေ့ အခမ်းအနားမှာ အဖွဲ့အစည်း အသီးသီးကနေ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ စစ်ရှောင်နဲ့ ကျေးရွာဒေသခံတွေ အပါအဝင် လူဦးရေ (၂၀၀၀)နီးပါး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ