spot_img
14.9 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဒီးမော့ဆိုမှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

-

ကန္တာရ၀တီတိုင်း(မ်)

ဒီကနေ့ (ဧပြီလ ၁၄ ရက်) ညနေပိုင်း ၂နာရီခွဲ ဝန်းကျင်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက လယ်ကွင်းကနေ လယ်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ထိတာနဲ့ သူလဲသွားတယ်လေ။ နောက် တောင်ပေါ်ကနေ လက်ငြိုးထိုးတာ သူ့ဘေးက လူတွေလည်း မတွေ့ဘူး။ သူတို့ခေါင်းပေါ်မှာပဲ။ ပြီးပြန်တက်သွားတယ်လေး။”လို့ အဖြစ်ပျက်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကပြောပါတယ်။

လယ်ကွင်းထဲက ပြန်လာချိန် သူမလွယ်ထားတဲ့ ပလိုင်းထဲမှာ ထမင်းချိုင့် တစ်ခုသာပါရှိပြီး ထမင်းချိုင့်ကြောင့်သာ လျှပ်စစ်စီးပြီး မိုးကြိုးပစ်ခံရတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

မိုးကြိုးပစ်ခံရသူ အမျိုးသမီးရဲ့နာမည်ဟာ ဒေါ်တရီးနာ ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ်ဖြစ်ပါတယ်။ ယခင် လွိုင်ကော်မြို့၊ ထူဒူငံသ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို လာရောက် စစ်ရှောင်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ