spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့ရ၊ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရဟုဆို

မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့ရ၊ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီ စစ်ကောင်စီဖက် အထိနာများကာ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်စခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊အမှတ်(၁)ဗျူဟာ က ဧပြီလ ၁၉ ရက်‌နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက တပ်သား အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

လူအင်အားအပြင် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်လာခဲ့ပြီး ရှမ်းတောင်စစ်ဒေသခွဲ၊အမှတ်(၁)ဗျူဟာ နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့ကာ ရှမ်းတောင်စစ်ဒေသခွဲ၊အမှတ်(၁)ဗျူဟာ တပ်ဖွဲ့မှ ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က တပ်သား ၁၅ ဦးထက်မနည်း အထိနာခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဖက်က အထိနာများတဲ့ အချိန်မျိုးတွေမှာ ပြည်သူတွေရှိရာဖက်ကို တိုက်ခိုက်မှုပိုလုပ်လေ့ရှိတာကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“မိုးဗြဲမှာ တိုက်ပွဲတွေ မဖြစ်ကြတဲ့ရက်တွေလည်း မိုးဗြဲအနီးနားကျေးရွာတွေကို လက်နက်ကြီးတွေအမြဲထုတယ်လေ။ အခုလို စစ်ကောင်စီဖက် အထိအနာများတာ ကြားရင် ပြည်သူဖက်က ပိုပြီး စိုးရိမ်ရမယ့်ပုံ။သူတို့က (စစ်ကောင်စီ) အထိအနာများရင် ပြည်သူဖက်လှည့်ပြီး ပိုတိုက်ခိုက်နေတဲ့သဘောဖြစ်နေတာ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို လက်နက်ကြီး ၆လုံးထက်မနည်း ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ