spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော် သီရိမင်္ဂလာတောင်စျေးမှာ အလုပ်သမား ၁ ဦး ဓါတ်လိုက် သေဆုံး

လွိုင်ကော် သီရိမင်္ဂလာတောင်စျေးမှာ အလုပ်သမား ၁ ဦး ဓါတ်လိုက် သေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ယမန်နေ့ (ဧပြီ ၂၃ ရက်နေ့) ညနေပိုင်းမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်းက သိရိမင်္ဂလာတောင်စျေးမှာ အလုပ်လုပ်နေတဲ့ ဝရိန် အလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

“လူတစ်ယောက် ဓါတ်လိုက်ပြီ ကြားတော့ သွားကြည့်ချိန် သူက သွေးတွေပါ အန်ထွက်နေပြီလေ။ နောက်တော့ သေသွားတယ်။” လို့ စျေးအတွင်း ဆောက်လုပ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါသေဆုံးသူ အမျိုးသားဟာ အလုပ်လုပ်စဉ် အသုံးပြုရမယ့် အကာကွယ်ပစ္စည်းတွေမပါဘဲ အလုပ်လုပ်နေစဉ်မှာ ဓါတ်လိုက်သေဆုံးတာ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“သူက ဖိနပ်တွေ ဘာတွေ လည်း မစီးထားဘူးလေ။ ဝရိန်သမားဆိုတော့ ဒီလိုကြောင့် လိုက်တယ် လို့ ထင်တာပဲ။” လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်လေးလုံးစစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ လွိုင်ကော် သိရိမင်္ဂလာတောင်စျေးကို စစ်ကောင်စီက အသစ်ပြန်လည်ဆောက်လုပ်နေတာပါ။

ဒါ့အပြင် ရှေ့ရက်တွေမှာလည်း စျေးအဆောက်အဦးဆောက်လုပ်နေတဲ့ အလုပ်သသမား ၂ ဦး၊ ငြမ်းစင်ပေါ်က ပြုတ်ကျတဲ့ ဖြစ်စဉ်ရှိခဲ့ကြောင်း သိရပါတယ်။

ဒေသခံ တချို့ရဲ့ ပြောကြားချက်အရ သိရိမင်္ဂလာစျေးကို လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ