spot_img
29.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းစစ်ကောင်စီတပ်သား ၆ဦး လက်နက်နဲ့အတူ DMO Local PDF ထံ ဘက်ပြောင်းခိုလှုံ ၊ ထောက်ပံ့ငွေပေးအပ်

စစ်ကောင်စီတပ်သား ၆ဦး လက်နက်နဲ့အတူ DMO Local PDF ထံ ဘက်ပြောင်းခိုလှုံ ၊ ထောက်ပံ့ငွေပေးအပ်

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF) ထံ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင် တပ်သား (၆)ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာ DMO Local PDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသူ တပ်သားတွေဟာ MA 1 – သေနတ် ၅လက် ၊ MA 1 – ကျည် ၄၅၅ တောင့်၊ ကျည်ဘောက် ၁၆ခု၊ လက်ပစ် ဗုံး ၄ လုံး ၊ ၁၄မိုင်း ၃လုံး၊ ကျည်ကာ ၄ ထည် ၊ အိုင်ကွန် ၁လုံး၊ ဖုန်း ၇လုံး တို့ကို ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်နဲ့အတူ ဘက်ပြောင်းလာတဲ့ တပ်သားတွေကိုလည်းကျပ်သိန်း (၆၅) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းခေါ်ဆောင်ခံရသူတွေဟာ စစ်ကောင်စီ တပ်စခန်းအတွင်း WY မူးယစ်ဆေးတွေ စိတ်တိုင်းကျ သုံးစွဲရောင်းဝယ်ခွင့်ရှိကြောင်းနဲ့ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်ခြင်း မကြာခဏ ခံစားရကြောင်းကိုလည်း ဘက်ပြောင်းလာသူတွေရဲ့ ထွက်ဆိုချက်ကိုလည်း DMO Local PDF က ကိုးကားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံ စစ်ကောင်စီတပ်သား ဘက်ပြောင်းမှုများလာတယ်လို့ သိရပါတယ်။

ဘက်ပြောင်းမှုများလာတာကြောင့် စစ်ကောင်စီဖက်က တပ်သား အင်အားနည်းလာတာနဲ့အတူ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ထပ်တိုးလုပ်ဆောင်လာနိုင်တာကြောင့် မိဘပြည်သူတွေ အထူးသတိထားသွားလာကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ