spot_img
17 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ ကရင်နီပြည်အတွင်း မိုးရေချိန် ၁ လက်မကနေ ၁.၂ လက်မအထိ မိုးရွာသွန်းနိုင်ဟုဆို

ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ ကရင်နီပြည်အတွင်း မိုးရေချိန် ၁ လက်မကနေ ၁.၂ လက်မအထိ မိုးရွာသွန်းနိုင်ဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ ကရင်နီပြည်အတွင်း မိုးရွာသွန်းနိုင်ပြီး မိုးရေချိန် ၁လက်မကနေ ၁.၂ လက်မ အထိ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။

အလားတူ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) တွေမှာလည်း မိုးရေချိန် ၁ လက်မ မှ ၁.၂ လက်မ ခန့် မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းက မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း(ကလေးမြို့နှင့် ရွှေဘိုမြို့)တွေမှာလည်း ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာ (၀.၈ လက်မ အောက်) ရွာသွန်းနိုင်တယ်လို့ အသိပေးစာမှာ ဖော်ပြရေးသား ထားပါတယ်။

ယနေ့ ဧပြီလ ၂၉ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ဒေသထဲမှာလည်း ကရင်နီပြည်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ကရင်နီပြည်မှာတော့ ပြီးခဲ့တဲ့ ရက်တွေကတည်းက မိုးရွာသွန်းနေတာရှိပြီး မိုးရွာသွန်းမှုနောက်ဆက်တွဲ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာ တောင်ကုန်းပေါ်ကနေ ကျောက်တုံးကြီး လှိမ့်ကျကာ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ