spot_img
18.3 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
HomeFact-Checkingမော်ချီးမှာ Starlink Wifi စက်သိမ်းဆည်းမှုအပေါ် KNDF လိုဂိုတံဆိပ်နဲ့ ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ဟုဆို

မော်ချီးမှာ Starlink Wifi စက်သိမ်းဆည်းမှုအပေါ် KNDF လိုဂိုတံဆိပ်နဲ့ ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ဟုဆို

-

ကန္တာရဝတီတိုင်း ( မ် )

ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ Starlink Wifi စက် သိမ်းဆည်းခံရမှုကို ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်အတု တစ်စောင် ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာတချို့ကနေ ထွက်ပေါ်လာပါတယ်။

KNDF လိုဂိုတံဆိပ် နဲ့ အဲ့ဒီ ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ကြောင်း KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ပုံစံမျိုး တွေ့ရတယ်။ ဗဟိုကော်မတီနဲ့ကော ကျနော်တို့ အတည်ပြုချက်အရ ဒီဟာက ကျနော်တို့ KNDF က ထုတ်တာမဟုတ်ဘူး” လို့ သူကပြောပါတယ်။

အဲ့ဒီထုတ်ပြန်စာထဲ Starlink Wifi စက် သိမ်းဆည်းခြင်းဟာ ရှေ့လမ်းစဉ်မူဝါဒနဲ့ လွှဲမှားစွာ သွေဖယ်နေတာကြောင့် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်စေ မျက်ကွယ်ပြု၍ နေမည်မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။ ဒါ့အပြင် ထုတ်ပြန်စာမှာ ရက်စွဲမပါတာကိုလည်း တွေ့ရှိရပါတယ်။

အခုလို ထုတ်ပြန်ချက်အမှားဖြန့်ဝေမှုဟာ ပြည်သူနဲ့အဖွဲ့အစည်းကြား ရန်တိုက်ပေးနေတာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ မော်ချီးဒေသခံ တစ်ဦးက သူရဲ့ ထင်မြင်ချက်ကို ခုလိုပြောပြပါတယ်။

“ဒါက ဖတ်ကြည့်ကတည်းက အတုမှန်းသိသာတယ်။ကျ‌နော့်အထင် ဒီစာကလဲ အတုအယောင်ဖြစ်တယ် ပြည်သူနဲ့ အဖွဲ့အစည်းကြားကို ရန်တိုက်ပေးနေသလိုလည်း ဖြစ်တယ်။ပြီးနောက် ဒီစာထုတ်တဲ့သူကလည်း စစ်တပ်ရဲ့လော်ဘီလဲဖြစ်နိုင်တယ်” လို့ မော်ချီးဒေသခံ တစ်ဦးက ပြောပါတယ်။

မော်ချီးဒေသကို စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မှု ရှိနေတာကြောင့် လုံခြုံရေးအခြေအနေအကြောင်းပြုပြီး Starlink အင်တာနက် တစ်လတိတိ ပိတ်ထားဖို့အပြင် တခြားညွန်ကြားချက် ၇ ချက်ပါ အမိန့်စာကို လိုပွာခိုခရိုင် ၊ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဧပြီလ ၂၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ ကရင်နီပြည်မှာ starlink အင်တာနက် အသုံးပြုပြီး သတင်းအချက်အလက်ရယူတာ၊ ဆက်သွယ်မှု တွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ