spot_img
26.8 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို ယမန်နေ့ (မေလ ၁၄ ရက်နေ့ )ည ၈ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ပြည်သူတော့ မထိလိုက်ဘူး။ ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲလိုက်တာ။ ကျောင်းဆောင်ကိုတော့ ထိတယ်။ စစ်ရှောင်နေအိမ် ၂ လုံးပျက်တယ်ပေါ့။ တစ်ကြိမ်တည်း ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံး နှစ်လုံးပေါ့ တပြိုင်တည်းကြဲလိုက်တာ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက အဆိုပါ ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ် ၊ နိုဝင်ဘာလမှာ တစ်ကြိမ် နဲ့ ယမန်နေ့ မေလ ၁၄ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ကြိမ် အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

တိုက်ခိုက်မှုပြုလုပ်သွားတဲ့ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်မှာတော့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီစာရင်းအရ အသက် ၁၅နှစ်အောက် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၁ ဦးရှိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း ဖယ်ခုံအရှေ့ဖက်ခြမ်း တစ်နေရာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ကြေညာထားပေမဲ့ အခုလို အရပ်သားရှိရာ နေရာတွေကိုနေ့စဥ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ