spot_img
17.7 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းသဘာဝပတ်ဝန်းကျင် သန့်ရှင်းစေဖို့ အမှိုက်သရိုက်နဲ့ ပတ်သက်တဲ့ အသိပညာအကြောင်းတွေကို နှစ်ရက်တာ ပို့ချပေး

သဘာဝပတ်ဝန်းကျင် သန့်ရှင်းစေဖို့ အမှိုက်သရိုက်နဲ့ ပတ်သက်တဲ့ အသိပညာအကြောင်းတွေကို နှစ်ရက်တာ ပို့ချပေး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း တစ်နေရာမှာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ လုပ်ဆောင်နေတဲ့ ကရင်နီက လူငယ်ပရဟိတ အဖွဲ့ ၅ဖွဲ့ကို Clean Mountains အဖွဲ့ကနေ အမှိုက်သရိုက်နဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတအကြောင်းတွေကို နှစ်ရက်တာ သင်တန်းပို့ချပေးခဲ့ပါတယ်။

မေလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ မှာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ လုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့တွေကို ပို့ချပေးခဲ့တာပါ။

“ဒီသင်တန်းဟာ တကယ်လိုအပ်တယ်။ ဘာလို့လဲဆို အခုက အဖွဲ့သေးသေးလေးတွေ အမှိုက်နဲ့ပတ်သက်ပြီး လုပ်နေတာရှိတယ်။ ဒါပေမဲ့ ဒီအမှိုက်ရဲ့ ဆိုးကျိုးတွေ ပလက်စ‌တစ်ရဲ့ ဆိုးကျိုးတွေကို သေချာမသိဘူး။ ဒီမှာရှိတဲ့ လူငယ် အများဆုံး မဟုတ်ရင်တောင် စိတ်ဝင်စားတဲ့ လူငယ်တွေ စုပြီးတော့ လာတက်ကြတာမျိုးတွေ။ ‌လူငယ်တွေ ကိုလည်း သိစေ‌ချင်တယ်။ အမှိုက်နဲ့ပတ်သက်ပြီး ဘယ်လောက် အရေးကြီးလဲ ဆိုတာတွေပေါ့။” လို့ သင်တန်းပို့ချပေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ လူဦးရေများပြားလာသလို အမှိုက်ကို စနစ်တကျနဲ့ စွန့်ပစ်တတ်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သင်တန်းပြီးတဲ့နောက် အမှိုက်တွေကိုသေချာ စီမံခန့်ခွဲ တတ်တဲ့နည်းပညာတွေ ရရှိလာတာပေါ့” လို့ သင်တန်းသားတစ်ဦးက ပြောပါတယ်။

နှစ်ရက်တာသင်တန်းမှာတော့ အမှိုက်နဲ့ပတ်သက်တဲ့ အ‌‌ကြောင်းတွေ၊ အမှိုက်စနစ်တကျ စွန့်ပစ်ဖြေရှင်းနည်းတွေ ၊ အမှိုက် စီမံကိန်းနဲ့ ပတ်သက်တဲ့အကြောင်း‌တွေကို ပို့ချသင်ကြားပေးတယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဝါဘန်းပလိုလူငယ်၊ အလင်းတန်းလွင်ပြင်၊ မျိုးဆက်သစ်၊ အနာဂတ်အလင်းတန်း နဲ့ Future of Generation စတဲ့ ပရဟိတ လူငယ်အဖွဲ့က လူဦးရေ ( ၆၃ ) ဦး တက်ရောက်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ