spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဖယ်ခုံနဲ့ ညောင်ရွှေမြို့ နယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံး

ဖယ်ခုံနဲ့ ညောင်ရွှေမြို့ နယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ နဲ့ ညောင်ရွှေမြို့နယ်စပ်က ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO တပ်သားတွေကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီနဲ့ PNO တို့ဖက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒီကနေ့ မေလ ၁၉ ရက်နေ့မှာ ဖယ်ခုံ ဒရုန်းတပ်ဖွဲ့(၁၀၀၆) တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဖက်က ဗိုလ်မှူး (၁)ဦး နဲ့ PNOပြည်သူ့စစ်ဘက်က ဦးဆောင်ညွှန်ကြားသူ တပ်မှူး(၁)ဦး အပါအဝင် (၅)ဦးထက်မနည်း အထိနာကာ သေဆုံးခဲ့ကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီနဲ့ PNO တို့ရဲက စစ်ကြောင်းကို ဖယ်ခုံဒရုန်းတပ်ဖွဲ့(၁၀၀၆) တပ်ရင်းနဲ့ Falcon Wings ပူးပေါင်းဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖယ်ခုံနဲ့ ညောင်‌ရွှေမြို့တို့ထိစပ်တဲ့ လွယ်လုံ၊ စန့်စွဲနဲ့ စန့်လိတ် စတဲ့ကျေးရွာအတွင်းကို PNOပြည်သူ့စစ်ရဲ့ ဦးဆောင်ညွှန်ကြား(လမ်းပြ)မှုနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာခဲ့ပြီး လက်ရှိမှာတော့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ညောင်‌ရွေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့ထိစပ်တဲ့ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနဲ့ လွယ်လုံကျေးရွာဘက်တွေမှာလည်း ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကစပြီး အင်အား ၆၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီစစ်ကြောင်းထိုးလာခဲ့ကာ ၁၀ ရက်ကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေခဲ့တာပါ။

ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNO တို့ပူးပေါင်းပြီး အသုံးပြုနေတဲ့ တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

လက်ရှိ ဖယ်ခုံနဲ့ ညောင်ရွှေမြို့ နယ်စပ်ဒေတွေမှာတော့ စစ်ရေးအခြေနေ တင်းမာမှုရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ ပြည်သူတွေကို မတရားဖမ်းဆီးပြီး စေခိုင်းတာ ၊ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်နေလျက်ရှိတယ်လို့ ဖယ်ခုံ ဒရုန်းတပ်ဖွဲ့(၁၀၀၆) တပ်ရင်းဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ