spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအကျဉ်းသားအပါအဝင် (၃၀) ရာခိုင်နှုန်းဝန်းကျင်ဟာ ရာသီတုတ်ကွေးဖြစ်ပွားပြီး ဆေးဝါးလိုအပ်နေ

အကျဉ်းသားအပါအဝင် (၃၀) ရာခိုင်နှုန်းဝန်းကျင်ဟာ ရာသီတုတ်ကွေးဖြစ်ပွားပြီး ဆေးဝါးလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲဌာန KSP အမှတ်(၅) စခန်းမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေအပါအဝင် လူဦးရေရဲ့ (၃၀) ရာခိုင်နှုန်းဝန်းကျင်ဟာ ရာသီတုတ်ကွေး ဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

စတင်ဖြစ်ပွားနေတာ တပတ်ရှိပြီဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဆင့်ပွားဖြစ်ပွားကာ လက်ရှိမှာတော့ ဆေးရုံတက်နေရသူတွေ ရှိနေသေးတယ်လို့ KSP အမှတ်(၅) ရဲ့ တာဝန် ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ ဒီတစ်ပတ်အတွင်းမှာပေါ့နော် ။ စဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ စဖြစ်တာက ဒုစခန်းမှူးအရင်ဆုံး ဖြစ်တာ။ ဖြစ်တော့ သူကတစ်ရက်နှစ်ရက်နေတော့ မသက်သာဘူး။ မသက်သာတော့ ဆေးခန်းသွားပြလို့ သွေးစစ်ကြည့်လိုက်တဲ့ အခါမှာ တုတ်ကွေးပိုးရှိတယ် ဆိုပြီးတော့မှပေါ့နော်။ အဲ့လိုပဲ နောက်ထပ်တစ်ယောက် ထပ်ဆင့်ဖြစ်တယ်။ နောက်ဆုံးတစ်ယောက်က သူက ကိုယ်ခံအား နည်းတဲ့သူလည်း ဖြစ်တယ်။ ဆေးရုံမှာ (၄) ရက်လောက် သူနေလိုက်ရတယ်။ နောက်ထပ် ရဲမေ တစ်ယောက်ကတော့ မသက်သာသေးဘူး။ ဆေးရုံမှာပဲ နောက်ထပ် (၃) ရက် (၄)ရက်လောက် နေရဦးမယ်ဆိုပြီးဆရာဝန်တွေက ပြောလာတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

အပြင်ဆေးခန်းကို ခေါ်ဆောင်သွားဖို့ အဆင်မပြေတဲ့ အကျဉ်းသားတွေအတွက်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းက ဆရာဝန်တွေဆီမှာ အကူအညီတောင်းရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့စခန်းတွင်းမှာ သောက်သုံးရမဲ့ အခြေခံဆေးဝါးဖြစ်တဲ့ ပါရာစီတာမော ကအစ မရှိတာကြောင့် ဝန်ထမ်းတွေအပါအဝင် အကျဉ်းသားတွေ ဖျားနာတဲ့အခါ ဆေးဝါးတွေ လိုအပ်နေကြတာပါ။

“ဒီမနက်(မေလ ၃၀ ရက်နေ့) တောင်မှ အချုပ်သားတွေထဲက ဆေးခန်းခေါ်သွားလို့ အဆင်မပြေတဲ့ လူတွေဆို ဆေးပဲ တောင်းလာပေးရတယ်လေ။ ကျန်းမာရေးဌာနလို့ ပြောရမလား ။ ဆေးခန်းက ဆရာဝန်တွေကို အကူအညီတောင်းရတယ်။ ကျနော်တို့ ဆီမှာတော့ ပါရာတို့ ဘာတို့ မရှိဘူးပေါ့နော်။ အဲဒါ ကူညီပေးလို့ရမလား ဆိုတဲ့ဟာမျိုးတွေပေါ့။ သူတို့ အများကြီး မကူညီနိုင်ရင်တောင်မှ အဆင်ပြေအောင် ကြည့်လုပ်ပေးရတာ မျိုးတွေရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

အသေးအမွှားဖျားနာတာတွေကအစ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွေဆီကို သွားရောက် ပြသနေရတာ ကြောင့် ရဲလုပ်ငန်းတွေ လုပ်ဆောင်ရတဲ့ နေရာတွေမှာ နှောင့်နှေးတာတွေရှိလာတယ် လို့ တာဝန်ရှိသူက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ