spot_img
13.5 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းတော်လှန်ရေးရဲဘော်တွေ တာဝန်ကျရာဒေသတွေမှာ ဘိန်းစိုက်ပျိုးခြင်း တားမြစ်ဖို့ အထူးလိုအပ်ဟု KA/KNDF စစ်ဦးစီးချုပ်ပြော

တော်လှန်ရေးရဲဘော်တွေ တာဝန်ကျရာဒေသတွေမှာ ဘိန်းစိုက်ပျိုးခြင်း တားမြစ်ဖို့ အထူးလိုအပ်ဟု KA/KNDF စစ်ဦးစီးချုပ်ပြော

-

ကန္တာရဝတီတိုင်း(မ်)

တော်လှန်ရေးရဲဘော်တွေ တာဝန်ကျရာဒေသတွေမှာ ဘိန်းစိုက်ပျိုးခြင်းတားမြစ်ဖို့ အထူးလိုအပ်တယ်လို့ KA/KNDF ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောပါတယ်။ ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ တည်ထောင်ခြင်း ၄ နှစ်ပြည့် မိန့်ခွန်းပေးပို့ရာမှာ ထည့်သွင်းထားတာပါ။

လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့က တပ်သားရဲဘော်တွေဟာ “စစ်မြေပြင်မှာ လိုက်နာရမည့် ကျင့်ဝတ်၊ ဥပဒေစည်းကမ်း၊ လူထုအရေး၊ ကလေးသူငယ်၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါးတွေကို ကာကွယ်တိုက်ဖျက်ရန် လိုအပ်တယ်။ အထူးသဖြင့် မိမိတို့ တာဝန်ကျရာဒေသတွင် ဘိန်းစိုက်ပျိုးခြင်းများ တားမြစ်ရန် အထူး လိုအပ်တယ်။” လို့ KNDF ရဲ့ တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ကို ပေးပို့လာတဲ့ မိန့်ခွန်းမှာ KA/KNDF စစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။

မိမိတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ကြောင်းကိုလည်း သိရှိထားဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ လက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့အလျောက် ပြည်သူလူထု အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ဥပဒေနဲ့အညီ ပြုမူနေထိုင်ကျင့်ကြံဖို့၊ တပ်တွင်းစည်းလုံးညီညွှတ်မှု နဲ့ ပြည်သူလူထုတွေ အားကိုးအားထားရတဲ့ တပ်တော်အဖွဲ့ဖြစ်ဖို့ အထူးလိုအပ်တယ်လို့ တိုက်တွန်းထားပါသေးတယ်။

ဒါ့အပြင် ပြည်သူလူထုအပါအဝင် ပြည်တွင်းပြည်ပမှ အထောက်အပံ့တွေကို အလွှဲသုံးစား မပြုဖို့နဲ့ တော်လှန်ရေးမလုပ်စားပဲ လူထုတွေနဲ့ တစ်သားတည်းရပ်တည်ပေးဖို့ကိုလည်း ဖြည့်စွက်ပြောဆိုထားပါတယ်။

တပ်ရင်းတည်ထောင်ခြင်း ၄ နှစ်အတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကို အစဥ်အောက်မေ့သတိရပြီး လက်ရှိ မိမိတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက်များ မပျောက်ပျက်သွားစေဘဲ ကရင်နီဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားတွေဖြစ်တာကြောင့် သမိုင်းကြောင်းအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းပြီး အောင်မြင်မှုလမ်းဆီကို ဆက်လက်ချီတက်သွားကြဖို့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ