spot_img
12.6 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွား

ဒီးမော့ဆိုအနောက်ခြမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇွန်လ (၁)ရက်နေ့ နေ့လည် (၂)နာရီ ဝန်းကျင်မှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ ဒေါတဝီနဲ့ လေးမိုင်ကျေးရွာအကြားက အက်စ်ကွေ့မှာ ဟိုက်ဂျက်ကားနဲ့ လော်ဂျားဆိုင်ကယ်တစီးယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ယာဥ်တိုက်မှုအတွင်း ဆိုင်ကယ်မောင်းလာသူမှာ ပါးစပ်တွင်းက သွေးများထွက်နေပြီး သတိလစ်မေ့မျောသွားတယ်လို့ သိရပါတယ်။

“ကားက ဘရိတ်ပေါက်နေတယ်ပေါ့။ကားသမားက အော်တော့ အော်တယ်ပြောတယ်။ ဆိုင်ကယ်သမားက အောက်ကနေ တက်လာတယ်။ဆိုင်ကယ်သမားက မကြားတော့ ဘယ်လိုဝင်တိုက်လိုက်လဲမသိဘူး။ ကျနော်တို့ သွားကူတဲ့အချိန်မှာ အဲ့လိုပြောတာပါ့။ ဆိုင်ကယ်သမားတော့ လဲသွားပြီးပေါ့ ဘာမှ မသိတော့ဘူး။ဆိုင်ကယ်ကတော့ အဲ့ကားအောက်ရောက်သွားပြီပေါ့။လူကတော့ ပါမသွား။ကတ္တရာနဲ့ တော့ သွားဆောင့်တယ်ထင်တယ်။ သွေးတွေ ဘာတွေ ထွက်တော့ အဲ့လိုပဲ တွေ့လိုက်တာ။ ” လို့ မျက်မြင်တွေရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ယာဥ်တိုက်မှုမှာ ကား ဘရိတ်ပေါက်သွားတာကြောင့် ဖြစ်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

ယာဉ်တိုက်မှုအတွင်း ထိခိုက်ဒါဏ်ရာရတဲ့ အမျိုးသားမှာ အသက်(၅၀)ကျော်ဖြစ်ပြီး
အဆိုပါ အမျိုးသားကို မျက်မြင်တွေ့ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ