spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာက “လာလီခူ” ရိုးရာ ဆုတောင်းပွဲ ပြုလုပ်

ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာက “လာလီခူ” ရိုးရာ ဆုတောင်းပွဲ ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့ ဆုတောင်းပူဇော်ပွဲ ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆုတောင်းပွဲကို နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ ဇွန်လအစ ပိုင်းလောက်မှာ ပြုလုပ်လေ့ရှိပြီး ကျေးရွာအနီးက တောင်ထိပ်တစ်နေရာမှာ သွားရောက်ပြုလုပ်ကြတာဖြစ်ပါတယ်။

အဆိုပါဆုတောင်းပွဲမှာ တောတောင်စောင့်နတ်တွေကို ကြက်ဖြူ တစ်ကောင်နဲ့ သွားရောက်ပူဇော်ကြတာ ဖြစ်ပြီး အမျိုးသားတွေသာ သွားကြရတာ ဖြစ်ပါတယ်။ သွားတဲ့ အချိန်မှာတော့ လူဦးရေဟာ မ ကဏန်းပဲ သွားရတာ ဖြစ်ပြီး ကယားရိုးရာ ကေ့ထျိုးဘိုးကို ကိုးကွယ်တဲ့ သူတွေသာ လာရောက်လို့ရတယ်လို့ သိရပါတယ်။

“ အခု ကျနော်တို့ ကြက်ရိုးထိုးတာက အောင်တယ်ပေါ့နော်။ အဆင်ပြေမယ် အခြေအနေ ကောင်းမယ်ပေါ့လို့တော့ ယူဆရတာပေါ့။” လို့ ကျေးရွာ လူငယ် တစ်ဦးက ပြောပါတယ်။

အဆိုပါ ပြုလုပ်ကြတဲ့ “လာလီခူ” ပွဲဟာ မိဘဘိုးဘွားလက်ထက်က လက်ဆင့်ကမ်းလာတဲ့ ရိုးရာဖြစ်တဲ့အတွက် ယနေ့အချိန်ထိ ထိန်းသိမ်းထားနေကြတာဖြစ်ပါတယ်။

တောတောင် စောင့်နတ်တွေကို ပူဇော်ပသပြီး ရာသီဥတုကောင်းမွန်ဖို့၊ သီးနှံဖြစ်ထွန်းဖို့၊ ကျေးရွာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆုတောင်း ကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ