spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းက အမျိုးသမီး တစ်လအတွင်း ( ၉၂) ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်းက အမျိုးသမီး တစ်လအတွင်း ( ၉၂) ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ မေလတစ်လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူ အမျိုးသမီး (၉၂) ဦး ရှိခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့သူ ၉၂ ဦးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၈၁) ဦး၊ လက်နက်ကြီးပစ်ခတ်မှု ကြောင့် (၄) ဦး၊ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် (၄) ဦး၊ အကျဥ်းထောင်အတွင်း ဆေးဝါးကုသခံယူခွင့်မရရှိမှုကြောင့်(၁) ဦး နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၂) ဦး တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ၂၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် (၇၀) ဦး၊ လက်နက်ကြီးပစ်ခတ်မှု ကြောင့် (၇) ဦး၊ မြေမြုပ်မိုင်းကြောင့် (၃) ဦး နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် (၁) ဦး စုစုပေါင်း အမျိုးသမီး (၈၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလအတွင်းသေဆုံးခဲ့ကြတဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းမှာ (၄၁)ဦး၊ ရခိုင်ပြည်မှာ (၁၆) ဦး၊ မန္တလေးတိုင်းမှာ (၁၄) ဦး ၊ မကွေးတိုင်းမှာ (၈) ဦး၊ပဲခူးတိုင်းမှာ(၁၀)ဦး၊ ချင်းပြည်မှာ (၁)ဦး၊ ကချင်ပြည်မှာ(၁)ဦး နဲ့ မွန်ပြည်နယ်မှာ (၁) ဦး စတဲ့ဒေသက အမျိုးသမီးတွေ ဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ် နဲ့ ကယန်းဒေသအတွင်းမှာ ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၄ နှစ် ကျော်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူပေါင်း (၅၆၉) ဦးရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာတော့ သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူ (၃၂ )ဦးရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF) က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ