spot_img
13.5 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာ ၂ ရွာ ညတွင်းချင်း ထပ်မံတိမ်းရှောင်ရ

စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာ ၂ ရွာ ညတွင်းချင်း ထပ်မံတိမ်းရှောင်ရ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စစ်ကောင်စီနဲ PNO ပူးပေါင်းတပ်တို့ အင်အားအလုံးအရင်း နဲ့ ဖယ်ခုံ အရှေ့ဘက်ရှိ ရေပူကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ရေပူကျေးရွာအတွင်း တပ်စွဲထားခဲ့ပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဒီကနေ့ ဇွန်လ (၈) ရက်နေ့ ညနေပိုင်းမှာတော့ တောင်ပို့ကွဲကျေးရွာဘက်ကို ဆက်လက်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဆောင်နန်းခဲ နဲ့ လွယ်ပေါ ကျေးရွာတို့ ယခုညတွင်းချင်းမှာတင် ထွက်ပြေးတိမ်းရှောင်ရတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တောင်ပို့ကွဲ ကျေးရွာထဲကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် ဒေသခံတွေ ညတွင်းချင်းပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက တောင်ပို့ကွဲကို ရောက်နေပြီ။ ဆောင်နန်းခဲ နဲ လွယ်ပေါ ကျေးရွာတို့ကတော့ ညတွင်းချင်း ပြေးနေရပြီ။ ” လို့ ဒေသခံတွေတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းကြောင့်လည်း ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာ ၃ ရွာက ၂ ရက်နေ့ ညနေမှာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှာလည်း ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ