spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းစစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်မှာ ရှိတဲ့ ကျေးရွာအုပ်စု (၂) ခုကို မောင်းထုတ်

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်မှာ ရှိတဲ့ ကျေးရွာအုပ်စု (၂) ခုကို မောင်းထုတ်

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ်မှာ ရှိတဲ့ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုက ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်ခွာသွားခိုင်းနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာ စတဲ့ ကျေးရွာတွင် ဟာ ကျေးရွာအတွင်း ထွက်ခွာသွားပေးရမှာဖြစ်ပါတယ်။

ထွက်ခွာသွားတဲ့ ဒေသခံပြည်သူတွေကို တောင်ယာခင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံဖို့ကို ခွင့်မပြုထားပဲ တစ်နေရာထဲကို စုဝေးနေခိုင်းတာ ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ကျေးရွာကနေ မောင်းထုတ်ပြီးတစ်နေရာထဲမှာ စုဝေးပြီးနေခိုင်းတာဟာ လူထုတွေကို ဖမ်းဆီးပြီး ထောင်ထဲ ဆွဲထည့်လိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက အခု လို ပြောပါတယ်။

“ ပြည်သူလူထုက စစ်ဘေးဒဏ်ကို မခံချင်လို့ စစ်ဘေးရှောင်စခန်း သွားနေတာတို့ တောင်ယာထဲသွားနေတာတို့ မပေးလုပ်ဘူးပေါ့လေ။ မွေတောင်ဘုရားဝိုင်းထဲကို အကုန်လုံး သွားစုရမယ်ဆိုတဲ့ အမိန့်မျိုး ပေးလာတာ ဖြစ်ပါတယ်။ ဒါက ကျေးရွာမှာ ရှိတဲ့ ပြည်သူလူထုအားလုံးကို ဖမ်းပြီးတော့မှ ထောင်ထဲ ထည့်လိုက်တာနဲ့ အတူတူ ပဲ ဖြစ်ပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်နဲ PNO ပူးပေါင်းတပ်တို့ ဖယ်ခုံအရှေ့ဘက်ကမ်းရှိကျေးရွာတွင်ဘက်ကို အင်အားအလုံးအရင်းနှင့်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ကျေးရွာတချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိသလို့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း ဒေသခံ ကျောင်းနေအရွယ် လူငယ် တစ်ဦး လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ