spot_img
15.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဆောင်နန်းခဲကျေးရွာက ကယန်းပြည်သစ်ဂိတ်ကို PNO ဗုံးကြဲ၊ ရဲဘော် ၃ဦး ထိခိုက်ပြီး ၁ဦး စိုးရိမ်ရဟုဆို

ဆောင်နန်းခဲကျေးရွာက ကယန်းပြည်သစ်ဂိတ်ကို PNO ဗုံးကြဲ၊ ရဲဘော် ၃ဦး ထိခိုက်ပြီး ၁ဦး စိုးရိမ်ရဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်နန်းခဲကျေးရွာက ကယန်းပြည်သစ်ဂိတ်ကို ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြည်သူ့စစ် PNO တပ်ဖွဲ့က ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ကယန်းပြည်သစ် ရဲဘော် ၃ ဦး ထိခိုက်ခဲ့ကာ ၁ ဦး စိုးရိမ်ရတယ်လို့ Kayan Region Leftist Youths (KRLY) အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“PNO က ဒရုန်းနဲ့ ဗုံးကြဲတာပေါ့နော်။ ကယန်း ပြည်သစ် ရဲဘော် ၃ဦး ထိပြီး ၁ဦးကတော့ စိုးရိမ်ရတယ်။” လို့ KRLY ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့မှာလည်း ဖယ်ခုံ နဲ့ ညောင်ရွှေနယ်စပ်က ကယန်းပြည်သစ်ဂိတ်တစ်ခုကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO ပူးပေါင်းတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိပါတယ်။

အခုလို ကယန်းပြည်သစ်တပ်ဖွဲ့ဆိုင်ရာ ဂိတ်တွေကို ဦးတည်တိုက်ခိုက်မှုတွေ လုပ်လာတဲ့အပေါ် KRLY ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“အဓိက ကတော့ PNO က သူ့ပအိုးဝ်လူထုထောက်ခံမှုရဖို့ ကယန်းတွေ၊ ကယားတွေက သူတို့ပအိုဝ့်ကို ကျူးကျော်ရန်စနေတယ်၊ ကယန်းဟာ ပအိုဝ့်ရန်သူပဲ ဆိုတဲ့ ပုံရိပ်ပေါ်အောင် လုပ်နေတာလို့မြင်တယ်။ ကယန်းပြည်သစ် ကိုလဲ အပစ်ရပ်အဖွဲ့ဆိုပေမဲ့ PNO က မယုံတာ ဖြစ်မယ်။ အဲ့ဒါကြောင့် ကယန်းပြည်သစ်ဂိတ်ကို ခဏခဏတိုက်ခိုက်တာလို့မြင်တယ်။” လို့ KRLY ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

PNO နဲ့ စစ်ကောင်စီတွေ သွားလာတည်ရှိတဲ့ ကယန်းကျေးရွာက ဒေသခံတွေအနေနဲ့ ကြိုတင်တိမ်းရှောင်ကြဖို့ကိုလည်း KRLY အသိပေးထားပါတယ်။

လက်ရှိမှာတော့ ဆောင်နန်းခဲကျေးရွာ ဒေသခံတွေဟာ အနီးနားက ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေ ကြောင့် ရွာလုံးကျွတ် တိမ်း‌ရှောင်နေကြရပြီလို့လည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ