spot_img
15.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဒေါငံခါးကျေးရွာအတွင်းမှာ ဆွေးမြေ့နေတဲ့ အလောင်းတခုတွေ့ရှိ

ဒေါငံခါးကျေးရွာအတွင်းမှာ ဆွေးမြေ့နေတဲ့ အလောင်းတခုတွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်းမှာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ဆွေးမြေ့နေပြီဖြစ်တဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ခဲ့သူဆီကနေ သိရပါတယ်။

ကရင်နီပြည်ရဲဌာန KSP ဆီကနေတဆင့် ကြားသိခဲ့ရပြီး သွားရောက်ကူညီပေးခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ ကယ်ဆယ်ရေးအနေနဲ့ပဲ သွားတာပေါ့နော်။ ကျနော်တို့ကို လာပြီးကယ်ထုတ် ကြည့်ပေးဖို့က ဒီတာဝန်ရှိသူ ပြောရမယ်ဆိုရင် KSP တို့ဖြစ်ဖြစ်ပေ့ါနော်။ သူတို့ကနေတဆင့် သတင်းကြားတာ။ အဲ့ဒါ ကျနော်တို့ သွားကြည့်ပေးတာပေါ့နော်။” လို့ အဆိုပါ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါတွေ့ရှိခဲ့တဲ့အလောင်းဟာ အမျိုးသမီးဖြစ်ကြောင်း ယူဆရတယ်လို့ သူက ဆက်ပြောပါတယ်။

“အမျိုးသားလာ အမျိုးသမီးလားဆိုတော့ အမျိုးသမီးလို့တော့ ကျနော်တို့ ခန့်မှန့်ထားတာတော့ ရှိတာပေ့ါနော်။ အဲ့လိုပဲ ကျနော်တို့ အတည်ပြုထားသေးတယ်ပေါ့နော်။ “လို့ သူက ဆိုပါတယ်။

အဆိုပါအလောင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူလူကြီးတွေကနေ စစ်ဆေးပြီးမှသာ အသေးစိတ်ကို သိရမှာဖြစ်တယ် လို့ ကူညီပေးခဲ့သူက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ