spot_img
14.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေ

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုး‌ဗြဲ မြို့အတွင်းမှာ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ Loikaw Local PDF ဆီကနေ သိရပါတယ်။

စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လက်ရှိက တိုက်ပွဲပြင်းထန်နေဆဲဖြစ်တော့ စစ်ရေးနဲ့ ပတ်သက်ပြီး များများစားစားမပြောလိုသေးပါဘူး။ ရန်သူဖက်လည်း အကျဆုံးရှိပါတယ်။ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာဆို‌တော့လေ။”လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ထိခိုက်ကျဆုံးမှုတွေထဲက ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း Loikaw Local PDF တပ်ရင်း အမှတ်(၂) က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အဆိုပါ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးကအခုလို ဆက်ပြောပါတယ်။

“ဟုတ်တယ် မနေ့က ကျနော်တို့ မိုးဗြဲ တိုက်ပွဲမှာပေါ့နော် ရဲ‌ဘော် တပ်စုမှူး ပေါ့ တပ်စုမှူးရဲဘော်ကျသွားတယ်ပေါ့။”လို့ သူကဆိုပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်ဟာ အသက် ၂၇ နှစ်အရွယ် တပ်စုမှူးရဲဘော် ကျော်ထက် (ခ) ထက်ကြီးဖြစ်ပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဖက်က ထိခိုက်ကျဆုံးမှုများပေမဲ့ အချက်အလက်အသေးစိတ် မသိရသေးဘူးလို့လည်း Loikaw Local PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ