spot_img
14 C
Loikaw
Sunday 4, January 2026
spot_img
Homeသတင်းစင်္ကပူရောက် ကရင်နီလူငယ်တွေ ကျင်းပတဲ့ "၁၅၀နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ် "

စင်္ကပူရောက် ကရင်နီလူငယ်တွေ ကျင်းပတဲ့ “၁၅၀နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ် “

-

ကန္တာရဝတီတိုင်း(မ်)

စင်္ကပူနိုင်ငံရောက် ကရင်နီလူငယ်များဖြစ်တဲ့ Karenni Youth Association အဖွဲ့မှ ဦးဆောင်ပြီး ပြီးခဲ့တဲ့ ၁၅ ရက်နေ့မှာ “၁၅၀နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ်”ကို စင်္ကပူနိုင်ငံတွင်း တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေ့မှာ ကရင်နီသမိုင်းအကြောင်းကို ပြောပြတာ၊ အဆို ၊ အက နဲ့ Fashion Show စတဲ့ အစီအစဉ်တွေကို ပြုလုပ်သွားတာ တွေ့ရတယ်လို့ ပွဲတက်ရောက်ပါဝင်ခဲ့သူ ကရင်နီလူငယ် အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ပွဲကျင်းပတဲ့ ရက်မှာတော့ အဓိက ကရင်နီလူ မျိုးစုတွေရဲ့ ရိုးရာ ဝတ်စုံ showပွဲ၊ အဆို၊ အက တွေ ကရင်နီသမိုင်း ပြောကြားခြင်း ပြီးတော့ ကရင်နီ လူမျိုးစု စည်းလုံးကြဖို့ စတဲ့ အစီအစဉ်‌တွေ ပြုလုပ်သွားတာ တွေ့ရတယ်” လို့ ပွဲတက်ရောက်ပါဝင်ခဲ့တဲ့ ကရင်နီ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် တစ်နေရာပြီးတစ်နေရာ ပြောင်းရွေ့ ကျင်းပပြုလုပ်နေကြရပေမယ့် ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုမိုစည်ကားပြီး လူအင်အားလည်း ငါးရားကျော် တက်ရောက်ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

“၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းမှတ် ” ပြုလုပ်တဲ့ နေ့မှာပဲ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီပံ့ပိုးရန်အတွက် မြန်မာလက်ရွေးစင်ကစားသမားဟောင်း “ကိုကောင်းဆက်နိုင်” ရဲ့ Jersey လေလံရောင်းချခြင်း အစီစဥ်တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ပွဲကို ဦးဆောင်ကျင်းပတဲ့ KYA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ KYA မှ ကောင်းဆက်နိုင် ရဲ့ Jersey ကို ဇွန်လ (၃) ရက်နေ့တွင် (SG$150) ဖြင့်လေလံစတင် ခဲ့ရာ ဇွန်လ (၁၅) ရက် ညနေ(5)နာရီ လေလံပိတ်ချိန်မှာ ( USD $1,400) ရရှိခဲ့ပါတယ်” လို့ KYA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာလက်ရွေးစင်ကစားသမားဟောင်း “ကိုကောင်းဆက်နိုင်” ရဲ့ Jersey လေလံတင်ရောင်းချခြင်း အစီအစဉ်ကို (၁၀) ရက် ကျော်ကြာ ပြုလုပ်ခဲ့ပြီး နောက်ဆုံးရက်မှာ ( USD $1,400) ရရှိသွားတယ်လို့ သိရပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေတွေကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေး ဌာန ကို တိုက်ရိုက်ဆက်သွယ်ပြီး ပါဝင် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းဆက်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ Singapore Sea Game ပြိုင်ပွဲမှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။ သူဝတ်ဆင်ကစားထားခဲ့တဲ့ Jersey ကို အမြတ်တနိုးသိမ်းထားပြီး စစ်ဘေး ဒုက္ခရောက်နေတဲ့ ကရင်နီပြည်သူလူထုအတွက် အခုလို အစီအစဉ် တစ်ရပ်ကို ပြုလုပ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ