spot_img
14.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်လင်လေးမြို့နယ်အရှေ့ဖက်က ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်ပြီး ပြည်သူ (၄) ဦးထိခိုက် ဒဏ်ရာရ

လွိုင်လင်လေးမြို့နယ်အရှေ့ဖက်က ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်ပြီး ပြည်သူ (၄) ဦးထိခိုက် ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ ပြည်၊ လွိုင်လင်လေးမြို့နယ်အရှေ့ဖက်က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၂) က အသိပေးထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲမှာ တိုက်ပွဲ ဖြစ်ပွားခြင်းတစုံတရာမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့သူ ၄ ဦးမှာ အသက် (၃၆) နှစ်အရွယ် နဲ့ အသက် (၁၉) နှစ်အရွယ် အမျိုးသမီး (၂)ဦး ၊ အသက် (၁၈) နှစ်အရွယ် နဲ့ အသက် (၁၄) နှစ်အရွယ် အမျိုးသား (၂)ဦး တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်ကနေ ပစ်ခတ်လာတာဖြစ်ပြီး (၆၀) မမ ၅လုံးခန့် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်လျက်ရှိနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ သတိထားသွားလာ နေထိုင်ကြဖို့ကိုလည်း KNDF တပ်ရင်း(၁၂) က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ