spot_img
14.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆောင်နန်းခဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီနဲ့ PNO တို့ မီးရှို့ဖျက်ဆီး၊ တစ်ဝက်ကျော် မီးလောင်ပြာကျဟုဆို

ဆောင်နန်းခဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီနဲ့ PNO တို့ မီးရှို့ဖျက်ဆီး၊ တစ်ဝက်ကျော် မီးလောင်ပြာကျဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်နန်းခဲကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီ နဲ့ ပြည်သူ့စစ် (PNO) တို့ ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ မီးလောင်နေတဲ့ အခြေအနေကို မြင်တွေ့ခဲ့တဲ့ ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

အိမ်ခြေ ၆၀ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ တစ်ဝက်ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ရဲဘော်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အိမ်ခြေက ၅၀ကျော် ၆၀ ဝန်းကျင် လောက်ရှိတယ်။ မီးလောင်သွားတာက တစ်ဝက်ကျော်လောက် ပါသွားတယ်။”လို့ အဆိုပါ ရဲဘော်က ပြောပါတယ်။

ဆောင်နန်းခဲကျေးရွာကဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြေပြင်တိုက်ပွဲကြောင့် ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရတာပါ။

လက်ရှိမှာတော့ တိမ်းရှောင်ကြတဲ့ လူထုတွေဟာ စစ်ရှောင်တဲတွေ ဆောက်လုပ်ပြီးစီးမှုမရှိသေးပဲ ကျေးရွာ ဖျက်ဆီးခံနေကြရတယ်လို့ Kayan Region Leftist Youths (KRLY) အဖွဲ့ဆီကနေ သိရပါတယ်။

“ဆောင်နန်းခဲ ရွာသားတွေက ဘေးကင်းရာကိုစစ်ရှောင်ရင်း စစ်ရှောင်တဲတွေ ဆောက်လို့မပြီးခင်မှာပဲ ဆောင်နန်းခဲရွာ ဖျက်ဆီးခံနေရပြီ။”လို့ KRLY အဖွဲ့က ဆိုပါတယ်။

ဆောင်နန်းခဲ ကျေးရွာမှာရှိတဲ့ ကယန်းပြည်သစ်ဂိတ်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ PNO ပြည်သူ့စစ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကယန်းပြည်သစ် ရဲဘော် ၂ဦးထိခိုက်ခဲ့ကာ ၁ ဦးကျဆုံးခဲ့ပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ