spot_img
14.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲတိုက်ပွဲအတွင်း ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံး

မိုးဗြဲတိုက်ပွဲအတွင်း ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကရင်နီ စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ဒီးမော့ဆို PDF -1102 တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – Demawso PDF – 1102

အဆိုပါ ရဲဘော်ဟာ ကိုယ်ပိုင်အမှတ် P31102 011 ကိုင်ဆောင်ထားသူ ရဲဘော် ချာလီ (ခ) ဗိုလ်သံချောင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ ဒီးမော့ဆို PDF -1102 တပ်ဖွဲ့အတွင်းကို စတင်ဝင်ရောက်လာကာ စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ Demawso PDF-1102 က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ နှစ်ရက်အတွင်းမှာလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေး ကျွဲချိုတပ်ခွဲက ရဲဘော် မောင်အာကာထွန်း နဲ့ ရဲဘော် မောင်နေမင်းထွေးတို့(၂)ဦး ကျဆုံးခဲ့ပါတယ်။

လက်ရှိမှာလဲ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ PNO တို့ စစ်ကြောင်းထိုးစစ်ဆင်မှုတွေကြောင့် မိုးဗြဲမြို့အတွင်းမှာ တော်လှန်ရေးရဲဘော်တွေ ကျဆုံးခဲ့ရသလို ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာလည်း ဖယ်ခုံအရှေ့ဖက်ကမ်း ဆောင်းနန်းခဲ ကျေးရွာကို ထပ်မံထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေ ဖြစ်ပွားကာ ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်ရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ