spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းနောင်ဗိုကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

နောင်ဗိုကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ထိခိုက်ဒဏ်ရာရပြည်သူကို PNLA အဖွဲ့က ကယ်ဆယ် ကုသဆောင်ရွက်ပေးခဲ့ပြီး သက်သာတဲ့ အခြေအနေမှာ ရှိတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဲ့ဒီ ဒဏ်ရာရရှိတဲ့ ပြည်သူကို ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ကကယ်ဆယ်ထားပြီးတော့မှ ကုသမှုပေးလျက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူကလည်း သက်သာပါတယ်။ သက်သာလာတဲ့အနေအထားမှာရှိပါတယ်။“ လို့ ခွန်ရိန်းယံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ည၈ နာရီမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၆၀ မမ နဲ့ ၉ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာတော့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီး မွီးဒိုးဖြစ်ပြီး သူ့ရဲ့ နေအိမ်ပါ ထိခိုက်ပျက်စီးခဲ့တာလို့ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာလည်း PNLA ကထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ် ရှေ့ကျေးရွာအုပ်စုတွေမျာ စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ် PNO တို့ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုရဲ့ နေအိမ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ ဖျက်စီးမှုတွေ လုပ်ဆောင်နေလျက်ရှိတယ်လို့ PNLA တပ်ဖွဲ့ဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ