spot_img
15.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖားဆောင်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် (၆၂၆) က ရဲဘော်တစ်ဦး ကျဆုံး

ဖားဆောင်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် (၆၂၆) က ရဲဘော်တစ်ဦး ကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် တိုက်ပွဲအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ ဗဟိုစစ်ဦး တပ်ရင်းအမှတ် (၆၂၆) ကရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – KPLA – B 626


ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရဲဘော်ဟာ ကလလတ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်သော်ဇေယံ ဖြစ်ပါတယ်။

အလားတူ ဖားဆောင်းတိုက်ပွဲအတွင်းမှာပဲ ကလလတ တပ်ရင်းအမှတ် ၉၄၂၅ တပ်ခွဲ (၃) မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲမှူး တစ်ဦးလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကျဆုံးခဲ့ပါတယ်။ ကျဆုံးသွားတဲ့ တပ်ခွဲမှူးရဲ့ စျာပနာအခမ်းအနားကိုတော့ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့တွင်း တိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၅)ရက်နေ့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ