spot_img
15.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲမြို့ လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါဖို့ ရှမ်းတောင် - (ကရင်နီ) တပ်ပေါင်းစု သတိပေး

မိုးဗြဲမြို့ လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါဖို့ ရှမ်းတောင် – (ကရင်နီ) တပ်ပေါင်းစု သတိပေး

-

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေတာကြောင့် မိုးဗြဲမြို့လမ်းမကြီးကို အရပ်သားပြည်သူများ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါဖို့ ရှမ်းတောင် – (ကရင်နီ) တပ်ပေါင်းစုက ဇွန်လ ၃၀ ရက်နေ့ မှာ သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာရှိသလို လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“မနေ့က တိုက်ပွဲ တွေ အပြင်းအထန် ဖြစ်ပွားနေတာ ရှိတယ်။ အခုလည်း ပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်” လို့ ပြောပါတယ်။

မိုးဗြဲလမ်းမကြီးကို ပြည်သူလူထုတွေ အသွားအလာ လုံးဝမပြုကြပါရန်နှင့် မိုးဗြဲ မြို့အနီးနားမှာ ရှိနေတဲ့ ဒေသခံ ပြည်သူလူထုတွေ အနေနဲ့လည်း စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် အထူးဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရှမ်းတောင်-ကရင်နီတပ်ပေါင်းစုဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ DMO Local PDF၊ ရှမ်းတောင်ဗျူဟာ (၁) ၊ မိုးဗြဲ Local PDF နှင့် ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( KPLA ) တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၉) ရက်နေ့က မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် (၆၀) အရွယ် မိုးဗြဲဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ