spot_img
15.6 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖားဆောင်းမြို့နယ်မှာ ပျက်ကျတဲ့ စစ်ကောင်စီ လေယာဥ်နဲ့အတူ အလောင်းနှစ်လောင်း တွေ့ရှိ

ဖားဆောင်းမြို့နယ်မှာ ပျက်ကျတဲ့ စစ်ကောင်စီ လေယာဥ်နဲ့အတူ အလောင်းနှစ်လောင်း တွေ့ရှိ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ပျက်ကျသွားတဲ့လေယာဥ်နဲ့အတူ သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကို ဒီကနေ့ ဇူလိုင်လ ၃ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ခဲမဖြူကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ပျက်ကျနေတဲ့ လေယာဥ်ကိုတွေ့တယ်လို့ပြောပါတယ်။ သေဆုံးသူ အလောင်းနှစ်လောင်းကိုလည်း တွေ့တယ်လို့ပြောပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ပျက်ကျနေတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ်က မည်သည့်အမျိုးအစားဖြစ်ကြောင်းအတည်ပြုဖို့ ခက်နေတယ်လို့ ပြောပါတယ်။

ပျက်ကျတိုက်လေယာဥ်က တရုတ်လုပ် FTC 2000G အမျိုးအစားဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနကပြောထားပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးလေယာဥ်တစ်စင်းက ဇူလိုင်လ ၁ ရက်နေ့ညပိုင်းမှာ ညအချိန်ခရီးဝေး လေ့ကျင့်ပျံသန်းဆောင်ရွက်စဥ် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်သွားတယ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပျက်ကျသွားတဲ့လေယာဥ်က စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်နိုင်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်နီမှာ တော်လှန်‌ရေးတပ်က ပစ်ချခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ် ၂ စင်း၊ ရဟတ်ယာဥ် ၁ စင်း နဲ့ ပျက်ကျလေယာဥ် ၁ စင်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ