spot_img
28.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဇွန်လ တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးကာ (၄၆)ဦး ထိခိုက်ဒဏ်ရာရ

ဇွန်လ တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးကာ (၄၆)ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင် ဇွန်လ တစ်လတာ အတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခတ်မှုကြောင့် အရပ်သား ပြည်သူ (၁၂)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၄၆)ဦး ထိ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီကနေ့ ဇူလှိုင်လ (၈) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူများ ရှိရာကို လက်နက်ကြီး ပစ်ခတ်မှုတွေ ၊ ဒရုန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ ဆိုသလို ဆက်လက် ပြုလုပ်လာနေပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့ အရပ်သား ပြည်သူတွေ (၁၂) ဦးထဲမှာ ကလေးငယ် ၂ဦး၊ အမျိုးသား/သမီး တစ်ဦးစီပါဝင်ပြီး အမည် မသိ ဂျန်ဒါ (၈) ဦးပါဝင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန်လ တစ်လတာအတွင်း စာသင်ကျောင်း တစ်ကျောင်း အပါအဝင် အများပြည်သူ နေအိမ် (၉၀) နီးပါးလောက် ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

ယမန်နေ့ည (၁၁) နာရီဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာက (၅)နှစ်အောက် ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးပြီး (၂) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ