spot_img
17.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆိုလစယ် ကျေးရွာ အနီးမှာ အရပ်သား၂ဦးကို စစ်ကောင်စီပစ်ခတ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံရ

ဆိုလစယ် ကျေးရွာ အနီးမှာ အရပ်သား၂ဦးကို စစ်ကောင်စီပစ်ခတ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံရ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇူလှိုင်လ ၁၄ရက်နေ့ မနက် အစောပိုင်းမှာ ကရင်နီပြည် လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စု ၊ ဆိုလစယ် ကျေးရွာ အနီးမှာ ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ အမျိုးသား နှစ်ဦးဟာ ရှားတော ဘက်ကနေ ဆိုင်ကယ်မောင်းနှင်လာတာ ဖြစ်ပြီး ဆိုလစယ် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက တားဆီးရာကနေ ထွက်ပြေးတဲ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး တစ်ဦးကို အရှင် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက် ၇နာရီ ဝန်းကျင်လောက်မှာ အမျိုးသား နှစ်ယောက်၊ ရှားတောဖက်ကနေဖြတ်လာတယ်ထင်တယ် ။ ဆိုလစယ် ကျေးရွာအနီးမှာ ရောက်တော့ စစ်ကောင်စီနဲ့ တည့်တိုးတော့ တစ်ယောက်က အပစ်သတ် ခံလိုက်ရတယ်။ နောက်တစ်ယောက်ကိုတော့ မျက်နှာအုပ်ပြီး ခေါ်သွားကြတယ်။” လို့ လုံခြုံရေး အရ အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဆိုပါ သေဆုံးသွားသူ တစ်ဦးရဲ့ ရုပ်အလောင်းကို လည်း စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ လမ်းကို အသုံးပြုသွားလာသူတိုင်း ခကြာခဏ စစ်ကောင်စီရဲ့ ပစ်ခတ်ခြင်းကို ခံနေရတယ်လို့ ဒေသခံတွေ က ပြောဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ