spot_img
16.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင် ကလေးနဲ့ လူကြီးတွေ ဖျားနာမှု များနေ

ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင် ကလေးနဲ့ လူကြီးတွေ ဖျားနာမှု များနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုအုပ်စုမှာ ဇူလိုင်လ ဒုတိယပတ်က စတင်လို့ တပတ်ကျော်ကြာ မိုးရွာသွန်း‌နေပြီး စစ်ဘေးရှောင် ကလေးငယ်နဲ့ လူကြီး‌တွေပါ ဖျားနာမှုများနေတယ်လို့ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူ မဒေစီက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မိုးတပတ် ဆက်တိုက်ရွာတော့ အများအားဖြင့် ကလေးတွေဆို ကိုယ်ပူတယ်၊ ပြီးတော့ နှာစေးချောင်းဆိုးတာမျိုး ဖြစ်ကြတာပေါ့၊ အရမ်းအေးလို့ ဖြစ်တာပေါ့”လို့ သူက ပြောပါတယ်။

ဒါ့အပြင် တောတောင်တွေကြာမှာပဲ စာသင်ကျောင်းဖွင့်ထားတဲ့အတွက် ခြင်၊ ဖြုတ်တွေ ကိုက်ခံရတာကြောင့် ယားယံမှုတွေလည်းဖြစ်နေပါတယ်။

ဖျားနာသူများတဲ့အတွက် ဆေးဝါးလိုအပ်မှုလည်းရှိနေပါတယ်။

“အရင်တုန်းကတော့ အခြေခံဆေး နည်းနည်းပါးပါးရှိတော့ အဲတာကြိုသောက်လိုက်ရင် ကောင်းတာပေါ့၊ အခုခါကျတော့ မရှိတော့ခါကျတော့ ဘယ်လိုမှရှာလို့လည်း မရှိဘူးပေါ့၊ ခေါင်းကိုက်လည်း ကျိတ်ခံနေရတာမျိုး ရှိတာပေါ့”လို့ သူက ဆက်ပြောပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်း ဒေလကြိုအုပ်စုထဲက စစ်ဘေးရှောင် အချို့ဟာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတော့တာ ၂ နှစ်ကျော်ပြီးလို့လည်း ဒေသခံတွေကပြောပါတယ်။

ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့် ဆေးရုံ၊ ဆေးခန်းသွားဖို့ လက်လှမ်းမမီဘူးလို့သိရပါတယ်။

မိုးရွာသွန်းမှု ရက်ဆက်နေတာ‌ကြောင့်လည်း ဒေသတွင်း သွားလာရခက်ခဲနေပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြို အုပ်စုမှာ စစ်ဘေးရှောင်စခန်း ၃ ရှိပြီး လူဦးရေ ၁ ထောင်နီးပါး အထိ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ